အာဆင်နယ်အသင်းကနေ ၀က်စ်ဟမ်းအသင်းကိုပြောင်းရွှေ့ခဲ့တဲ့ကွင်းလယ်လူဝီရှိုင်းယားဟာ လက်ရှိ မှာလည်း ဒဏ်ရာပြဿနာတွေနဲ့ထပ်မံရင်ဆိုင်ခဲ့ရပြီး၊ အနားယူရဦးမှာဖြစ်တယ်လို့သိရပါတယ်။ (၂၀၁၇-၁၈) ရာသီသစ်ရဲ့အပြောင်းအရွှေ့ကာလက အာဆင်နယ်အသင်းမှာပုံမှန်ပွဲထွက်ခွင့်ရရှိဖို့မသေ ချာမှုကြောင့် လန်ဒန်ကလပ်အသင်းဖြစ်တဲ့ဝက်စ်ဟမ်းအသင်းကိုပြောင်းရွှေ့သွားခဲ့တဲ့ဝီရှိုင်းယားဟာ ၀က်စ်ဟမ်း အသင်းမှာပုံမှန်ပွဲထွက်ခွင့်ရရှိနေသူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့်လည်းသူဟာ ဒဏ်ရာပြဿနာကြောင့် အဲဗာ တန်အသင်းကို (၃) ဂိုး (၁) ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကိုလွဲချော်ခဲ့ရပြီး၊ ဆေးစစ်ချက်အပြီးမှာတော့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် (၄) ပတ်ခန့်အနားယူရတော့မှာဖြစ်ပါတယ်။ ၀ီရှိုင်းယားဟာ အသင်းဟောင်းအာဆင်နယ်အ သင်းမှာကစားခဲ့စဉ်ကလည်း ဒဏ်ရာပြဿနာတွေကြောင့်ပွဲထွက်ခွင့်တွေဆုံးရှုံးခဲ့ရပြီး၊ လက်ရှိမှာလည်းသူ့ရဲ့က စားသမားဘ၀ကိုများစွာထိခိုက်စေခဲ့တဲ့ ဒဏ်ရာပြဿနာတွေနဲ့ထပ်မံရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

သူဟာ ၀က်စ် ဟမ်းအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲပါဝင်ကစားထားခဲ့ပြီး၊ အသင်းရဲ့ကွင်းလယ်မှာပုံမှန်ပွဲထွက်ခွင့် တစ်နေရာကိုရယူထားနိုင်ခဲ့ပါတယ်။ ၀ီရှိုင်းယားဟာ အသက်အရွယ်အားဖြင့် (၂၆) နှစ်အရွယ်သာရှိနေသေးတာ ကြောင့် အသင်းရဲ့အားထားရတဲ့ကွင်းလယ်လူတစ်ဦးအဖြစ်ရှိနေပေမယ့်လည်း မကြာခဏဆိုသလိုဒဏ်ရာပြ ဿနာတွေနဲ့ရင်ဆိုင်ရမှုတွေဟာ အတော်လေးနစ်နာစရာတွေဖြစ်ခဲ့ရပါတယ်။ သူဟာဒဏ်ရာပြဿနာတွေကနေ ရုန်းမထွက်နိုင်မှုကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်းလမ်းပတ်နဲ့ဂျရတ်တို့အလွန် အသင်းကိုဦးဆောင် နိုင်မယ့်ကွင်းလယ်လူအဖြစ်ထင်ကြေးတွေရှိခဲ့ပေမယ့် ထင်ကြေးတွေနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုးတွေကိုပြသနိုင် ခြင်းမရှိသေးတာဖြစ်ပါတယ်။ ၀ီရှိုင်းယားဟာ ၀က်စ်ဟမ်းအသင်းရဲ့ ချယ်လ်ဆီး၊ မန်ယူ၊ ဘရိုက်တန်အသင်းတို့နဲ့ယှဉ်ပြိုင်ရမယ့်ပွဲစဉ် တွေကိုလွဲချော်ရမှာဖြစ်ပါတယ်။

 

 

 

 

 

 

Related News