ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး၊ အသင်းအတွက်အရေးပါတဲ့အနိုင် ဂိုးကိုသွင်းယူနိုင်ခဲ့တဲ့ဖာမင်နိုဟာ မျက်လုံးဒဏ်ရာပြဿနာရှိနေပေမယ့်လည်း အသင်းအတွက်အကောင်းဆုံး ပေးဆပ်ဖို့အသင့်အနေအထားမှာရှိနေခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ်ရာသီမှာ လီဗာပူးလ်အသင်းရဲ့ပွဲစဉ်တိုင်းကိုပါဝင်ကစားခွင့်ရရှိထားခဲ့တဲ့တိုက်စစ်မှူးဖာမင်နိုဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၅) အဖြစ်စပါးစ်အသင်းနဲ့ပွဲစဉ်မှာ မျက်လုံးဒဏ်ရာရရှိခဲ့ပြီး၊ အသင်းရဲ့ပွဲစဉ်အချို့ကိုလွဲချော် မယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်းဖာမင်နိုဟာ ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ လူစားဝင်က စားသမားအဖြစ်ပါဝင်ခဲ့ပြီး၊ အသင်းအတွက်အရေးပါတဲ့အနိုင် (၃) မှတ်ကိုရယူပေးနိုင်ခဲ့ပါတယ်။

ဖာမင်နိုဟာ လီ ဗာပူးလ်အသင်းအတွက်ပွဲစဉ် (၆) ပွဲပါဝင်ကစားထားရာမှာ သွင်းဂိုး (၃) ဂိုးသွင်းယူထားနိုင်ခဲ့ပြီး၊ အသင်းရဲ့တိုက် စစ်ပိုင်းမှာအရေးပါသူတစ်ဦးအဖြစ် မာနေးလ်၊ ဆာလက်ခ်ျတို့နဲ့အတူရပ်တည်ထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၇-၁၈) ဘောလုံးရာသီက ဖာမင်နိုရဲ့အကောင်းဆုံးပုံစံတွေကိုမြင်တွေ့ခဲ့ရပြီး၊ ပြိုင်ပွဲစုံပွဲစဉ်ပေါင်း (၅၄) ပွဲ မှာသွင်းဂိုး (၂၇) ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ဖာမင်နိုဟာ ယခုနှစ်ရာသီမှာလည်းပုံစံကောင်းတွေဆက်လက်ပြသနိုင် ဖို့အတွက် နည်းပြဂျာဂျန်ကလော့အနေနဲ့မျှော်လင့်ထားခဲ့ပါတယ်။

ဖာမင်နိုအနေနဲ့ လီဗာပူးလ်အသင်းကိုစတင် ရောက်ရှိလာချိန်မှာပြသနေတဲ့ခြေစွမ်းပိုင်းနဲ့ ရရှိနေတဲ့လစာပမာဏဟာ အတော်လေးကွာဟနေခဲ့တာကြောင့် လီဗာပူးလ်အသင်းဟာ (၂၀၁၈) ခုနှစ်အတွင်းမှာစာချုပ်သစ်နဲ့အတူ တစ်ပတ်လုပ်ခပေါင် (၁) သိန်း (၈) သောင်း တန်စာချုပ်သစ်တစ်ရပ်ကိုချုပ်ဆိုခဲ့ပါတယ်။ ဖာမင်နိုဟာ (၂၀၁၅-၁၆) ဘောလုံးရာသီက လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့ပြီး၊ အသင်းအတွက်ပြိုင်ပွဲစုံပွဲစဉ်ပေါင်း (၁၅၀) ပါဝင်ကစားထားခဲ့ရာမှာ သွင်းဂိုးပေါင်း (၅၃) ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

ဖာမင်နိုအနေနဲ့မျက်လုံးဒဏ်ရာကြောင့် လေ့ကျင့်ရေးကွင်းအတွင်းမှာ မျက်မှန်တပ် ကာကစားနေခဲ့ပြီး၊ တစ်ချိန်ကစပါးစ်အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်းအက်ဂ္ဂါဒေးဗစ်လို မျက်မှန်တပ် ကာကစားသွားဖွယ်ရှိနေခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပွဲကျပ်ကာလတွေကိုဆက်တိုက်ကျြော်ဖတ်ရမှာဖြစ် တာကြောင့် အားထားရတဲ့တိုက်စစ်မှူးဖာမင်နိုအနေနဲ့ ဒဏ်ရာပြဿနာပြင်းထန်ခြင်းမရှိခဲ့တာဟာ လီဗာပူးလ်ပရိ သတ်တွေအတွက်အတော်လေးစိတ်သက်သာရာရစေခဲ့ပါတယ်။

 

 

Related News