ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဟာ စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေကို စက်တင်ဘာ လ(၂၀)ရက်ကထုတ်ပြန်ခဲ့ပြီး ပြင်သစ်အသင်းနဲ့ ဘယ်ဂျီယံအသင်းတို့ အဆင့်(၁)နေရာမှာ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။ပြင်သစ်အသင်းနဲ့ ဘယ်ဂျီယံအသင်းတို့ဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျောက်မှာ ပုံစံကောင်းတွေပြသခဲ့ တဲ့အသင်းတွေဖြစ်ပြီး ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ပေါင်း(၂၀)အကြာမှာ ဒုတိယအကြိမ်ရ ယူနိုင်ခဲ့သလို ဘယ်ဂျီယံအသင်းဟာလည်း အသင်းသမိုင်းကြောင်းတစ်လျောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာအမြင့် ဆုံးအောင်မြင်မှုအနေနဲ့ တတိယနေရာရရှိခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပုံစံကောင်းအသီးသီးပြသနိုင် ခဲ့တဲ့ ပြင်သစ်အသင်းနဲ့ဘယ်ဂျီယံအသင်းတို့ဟာ လက်ရှိစက်တင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် တွေကိုထုတ်ပြန်ခဲ့ရာမှာတော့ ရမှတ်(၁၇၂၉)မှတ်စီနဲ့ အဆင့်(၁)နေရာမှာပူးတွဲရပ်တည်ခဲ့ပြီး ဒါဟာနှစ်ပေါင်း (၂၅)နှစ်အတွင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့်(၃)နေရာ မှာတော့ ဘရာဇီးအသင်းက ရမှတ်(၁၆၆၃)မှတ်နဲ့ရပ်တည်ခဲ့ပြီး အဆင့်(၄)နေရာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိ ယရရှိခဲ့တဲ့ ခရိုအေးရှားအသင်းက ရမှတ်(၁၆၃၄)မှတ်နဲ့ ရပ်တည်ခဲ့ပါတယ်။

အဆင့်(၅)နေရာမှာ ဥရုဂွေးအသင်း၊ အဆင့်(၆)နေရာမှာ အင်္ဂလန်အသင်း၊ အဆင့်(၇)နေရာမှာ ပေါ်တူဂီအသင်းတို့ သတ်မှတ်ခံခဲ့ရပြီး အဆင့်(၈)နေ ရာမှာ ဆွစ်ဇာလန်အသင်း၊ အဆင့်(၉)နဲ့အဆင့်(၁၀)နေရာတွေမှာတော့ စပိန်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ သတ်မှတ်ခံခဲ့ရပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမား မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားအသင်းကတော့ ကမ္ဘာ့အဆင့်(၁၁)နေရာမှာ သာရှိခဲ့ပြီး (၂၀၁၁)ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဆင့်(၁၀)ပြင်ပမှာ ရပ်တည်ခဲ့ခြင်းဖြစ်သလို (၂၀၁၄) ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းကလည်း အဆင့်(၁၂)နေရာမှာသာရှိခဲ့တာကြောင့် (၂၀၀၅) ခုနှစ်နောက်ပိုင်း နှစ်ပေါင်း(၁၃)နှစ်အတွင်း ပထမဆုံးအကြိမ် အဆင့်(၁၀)ပြင်ပရောက်ရှိခဲ့တာဖြစ်ပါတယ်။

 

 

Related News