(၂၀၁၈-၁၉) UEFA Nation League ရဲ့ League A အုပ်စု(၁)မှာ ကျရောက်နေတဲ့ ပြင်သစ်အသင်းဟာ အုပ်စုတွင်း (၄)ပွဲမြောက်ပွဲစဉ်အဖြစ် နယ်သာလန်အသင်းနဲ့ကစားရာမှာ (၂)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး (၁၅)ပွဲဆက်ရှုံးပွဲမ ရှိစံချိန်ကျိုးပျက်ခဲ့ ရပါတယ်။ (၂၀၁၈)ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားအပြီး ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း မတည်ငြိမ်တဲ့ အနေအထားနဲ့ရင်ဆိုင်ခဲ့ရပြီး ဂျာမနီအသင်းနဲ့အဝေးကွင်းမှာ ဂိုးမရှိသရေကျတာအ ပြင် အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ လည်း (၂)ဂိုးစီသရေသာကစားနိုင်ခဲ့ပါတယ်။ လက်ရှိနယ်သာလန်အ သင်းနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း (၂)ဂိုးပြတ်အရေးနိမ့် ခဲ့ပြီး ရှုံးပွဲမရှိစံချိန်ပါရပ်တန့်ခဲ့ရပါတယ်။

နယ်သာလန်နဲ့ပွဲ စဉ်မှာ အဓိက ကစားသမားအဖြစ် ပေါ့ဘာတစ်ဦးသာလွဲချော်ခဲ့ပြီး လူစုံပါဝင်နိုင်ခဲ့ပေမယ့် ရလဒ်ဆိုးနဲ့ကြုံတွေ့ခဲ့ ရတာဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားမတိုင်ခင်ခြေစမ်းပွဲစဉ်အဖြစ် မက်လ(၂၃)ရက်နေ့ကစားခဲ့ တဲ့ ကိုလံဘီယာနဲ့ပွဲစဉ်မှာ(၃)ဂိုး၊(၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဖလားပွဲစဉ်တွေအပါအ၀င် ရှုံးပွဲမရှိသေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယခုနယ်သာလန်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ရှုံးပွဲမရှိစံချိန်ကျိုးပျက်ခဲ့ရသလို UEFA Nation League ရဲ့ League A မှာ ဆီးမီးဖိုင်နယ်အဆင့်ကိုတက်ရောက်ဖို့ မျှော်လင့်ချက်လည်းေ၀၀ါးသွားပြီဖြစ် ပါတယ်။

ပြင်သစ်အသင်းဟာ အုပ်စုတွင်းမှာ ပွဲပြည့်(၄)ပွဲလုံးကစားထားပြီး ရမှတ်(၇)မှတ်နဲ့အဆင့်(၁)နေရာဦး ဆောင်နေပေမယ့် နယ်သာလန်အသင်းက ရမှတ်(၆)မှတ်၊ တစ်ပွဲလျော့ကစားထားပြီး အဆင့်(၂)နေရာကနေ ဖိအားပေးနေတာဖြစ်ပါတယ်။ နယ်သာလန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂျာမနီအသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး သရေရလဒ် ရရှိရင်တောင် အုပ်စုတွင်းမှာ ရမှတ်(၇)မှတ်နဲ့ ပြင်သစ်အသင်းကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

 

 

Related News