မန်စီးတီးအသင်းရဲ့ကွင်းလယ်ပိုင်းမှာ အဓိက ကစားသမားတစ်ဦးအဖြစ်ရှိနေတဲ့ ဒေးဗစ်ဆေးဗားဟာ နိုဝင်ဘာ လ(၁၉)ရက်က စပိန်အသင်းနဲ့ဘော့စနီးယားအသင်းတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မတိုင်မီမှာ ဂုဏ်ပြုဆု တစ်ရရှိခဲ့တယ်လို့သိရပါတယ်။ ဒေးဗစ်ဆေးဗားဟာ စပိန်လက်ရွေးစင်အသင်းအတွက် (၂၀၀၆)ခုနှစ်ကတည်းက ပါဝင်ကစားခဲ့သူဖြစ်ပြီး စပိန် အသင်းအတွက်နှစ်ပေါင်း(၁၂)ကျော်ကြာ ပေးဆပ်ကစားခဲ့သူဖြစ်ပါတယ်။

သူဟာ (၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲပြီး ဆုံးချိန်ထိ စပိန်အသင်းအတွက်ပါဝင်ကစားခဲ့ပြီး နိုင်ငံတကာပွဲစဉ်ပေါင်း (၁၂၅)ပွဲပါဝင်ကစားခဲ့ကာ သွင်းဂိုး(၃၅) ဂိုးသွင်းယူပေးခဲ့ပါတယ်။အသက်(၃၂)အရွယ်ရှိပြီဖြစ်တဲ့ ဒေးဗစ်ဆေးဗားဟာ (၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ကစားသမားဘ၀မှ အနားယူထားခဲ့သူဖြစ်ပြီး စပိန်နဲ့အတူ(၂၀၁၀)ကမ္ဘာ့ဖလား၊ ယူရို(၂၀၀၈)၊ ယူရို(၂၀၁၂)ဖ လားတို့ကိုရရှိထားတဲ့သူ့ကို နိုဝင်ဘာလ(၁၉)ရက်မှာ စပိန်ဘောလုံးအဖွဲ့ချုပ်က ဂုဏ်ပြုဆုပေးအပ်ခဲ့တာဖြစ်ပါ တယ်။စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ဒေးဗစ်ဆေးဗားကို ဘော့စနီးယားနဲ့ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာ        ခြေစမ်းပွဲစဉ်မတိုင်မီ နံပါတ်(၁၂၅)ရေးထိုးထားတဲ့ အထိမ်းအမှတ်ဂျာစီနဲ့ ဂုဏ်ထူးဆောင်ဆုကို ပေးအပ်ချီးမြင့်ခဲ့ ပါတယ်။

ဒေးဗစ်ဆေးဗားဟာ စပိန်အသင်းရဲ့ပွဲထွက်အများဆုံး ကစားသမားစာရင်းနဲ့ သွင်းဂိုးအများဆုံးကစား သမားစာရင်းမှာပါဝင်ထားသူဖြစ်ပြီး (၆)ဦးမြောက် ပွဲထွက်အများဆုံးကစားသမားဖြစ်သလို (၄)ဦးမြောက်သွင်းဂိုး အများဆုံးကစားသမားဖြစ်ပါတယ်။ဒေးဗစ်ဆေးဗားဟာ စပိန်နဲ့အတူ အောင်မြင်မှုတွေရရှိထားတဲ့ ကစားသမား တစ်ဦးဖြစ်သလို ကလပ်အသင်းဖြစ်တဲ့ မန်စီးတီးနဲ့လည်း အောင်မြင်မှုတွေရရှိထားသူဖြစ်ပါတယ်။ သူဟာမန်စီး တီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား(၃)ကြိမ်၊ အက်ဖ်အေဖလား(၁)ကြိမ်၊ အင်္ဂလန်လိဂ်ဖလား(၃)ကြိမ်နဲ့ ကွန်မြူန တီဒိုင်း(၂)ခုရရှိထားပါတယ်။

 

 

Related News