ချန်ပီယံလိဂ် (၁၆) သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် မန်ယူအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ယှဉ်ပြိုင်ခဲ့ရာ မှာ မန်ယူအသင်းက အိမ်ကွင်းမှာ (၂)ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ပြီး၊ ဒုတိယအကျော့ပွဲစဉ်မှာ ပြန်လာနိုင်ဖို့ခဲယဉ်းသွား ခဲ့ပြီဖြစ်ပါတယ်။

မန်ယူအသင်းဟာ အကောင်းဆုံးသောပုံစံတစ်ခုနဲ့ ပီအက်စ်ဂျီအသင်းကိုရင်ဆိုင်ခဲ့ပေမယ့်လည်း ချန်ပီ ယံလိဂ်အတွေ့ အကြုံမရှိတဲ့ ကစားသမားတွေများပြားနေခဲ့မှုကြောင့် ပီအက်စ်ဂျီအသင်းအတွက်သက်သာရာရ စေခဲ့ပါတယ်။ နေမာနဲ့ ကာဗာနီတို့မပါတဲ့ ပီအက်စ်ဂျီအသင်းတိုက်စစ်မှာ မန်ယူအသင်းကစားသမားဟောင်းဒီမာ ရီယာက ပုံစံကောင်းတွေပြသနိုင်ခဲ့ပြီး၊ မန်ယူအသင်းရဲ့ ဘိုင်လီနဲ့ လင်ဒီလော့ဖ်တို့အတွဲက ပုံမှန်ခြေစွမ်းအောက် ရောက်ရှိခဲ့ရပါတယ်။

ပထမပိုင်းပွဲကစားချိန်အတွင်းမှာ ပီအက်စ်ဂျီ အသင်းကို ခြေရည်တူကစားနိုင်ခဲ့ပေမယ့် လည်း အသင်းရဲ့ အားထားရတဲ့ လင်ဂတ်နဲ့ မာရှယ်တို့ဒဏ်ရာရရှိခဲ့မှုကအသင်းအတွက် နစ်နာစေခဲ့ပြီး၊ လူစားဝင် လာခဲ့တဲ့ ဆန်းချက်ဇ်နဲ့ မာတာတို့ရဲ့ စွမ်းဆောင်ရည်ကလည်းအားရစရာမရှိခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် (၅၃) မိနစ်မှာ ဒီမာရီယာရဲ့ ထောင့်ကန်ဘောကနေ ကင်ဘမ်ဘီက ပီအက်စ်ဂျီအသင်းအတွက်ဦးဆောင်ဂိုးစတင်သွင်း ယူခဲ့ပြီး၊ ပွဲကစားချိန်မိနစ် (၆၀) မှာလည်း တန်ပြန်တိုက်စစ်ကနေ ဒီမာရီရဲ့ ပေးပို့မှုကို ဘာပေကအပိုင်အသုံးချကာ အသင်းအတွက်ဒုတိယ မြောက် ဦးဆောင်ဂိုးအဖြစ်ပြောင်းလဲခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားအနေနဲ့ ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန် နေရတဲ့ ပေါ့ဘာကိုနေရာလွတ်ရှာပေးနိုင်ခြင်းမရှိခဲ့ပဲ၊ နောက် ထပ်နစ်နာစရာတစ်ခုကတော့ ပွဲကစားချိန် (၈၉) မိနစ်မှာ ကွင်းလယ်လူပေါ့ဘာရဲ့ (၂) ၀ါ (၁) နီနဲ့ ထုတ်ပယ်ခံခဲ့ရ ပါတယ်။ ပေါ့ဘာအနေနဲ့ အနီကဒ်ပြသခံခဲ့ရမှုကြောင့် ဒုတိယအကျော့ ပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပြီး၊ မတ်လပ ထမအပတ်မှာယှဉ်ပြိုင်မယ့်ဒုတိယအကျော့ပွဲစဉ်မှာတော့ နည်းပြဆိုးလ်ရှားရဲ့ နည်းဗျူဟာအပြောင်းအလဲတွေကို မြင်တွေ့ ရမလားဆိုတာစိတ်ဝင်စားစရာပါ။

မန်ယူအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ ဂိုးဖန်တီးမှု (၂) ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ တောင်ပံ ကစားသမားဒီမာရီယာကရရှိခဲ့ပါတယ်။

 

 

 

Related News