အမေရိကန်နိုင်ငံရဲ့ အသက် (၇) နှစ်အရွယ်သာရှိနေသေးတဲ့ Rudolph Ingram (ရူဒေါ့အင်ဂရမ်) ဟာ လူမှုကွန်ယက်ဝက်ဘ်ဆိုဒ် တွေမှာတင်ထားခဲ့တဲ့ Video Clip လေးတွေကြောင့် လာမယ့်အနာဂတ်မှာ The Next Usain Bolt ဆိုပြီးနာမည်ကြီးလာခဲ့ပါတယ်။ 
(၂၀၁၁) ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့က အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာမွေးဖွားခဲ့တဲ့ ရူဒေါ့ အင်ဂရမ်ဟာ American Football အားကစားနည်းကိုကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပြီး၊ အသက် (၁၀) နှစ် အောက် American Football ပြိုင်ပွဲမှာပါဝင် ကစားနေခဲ့ပါတယ်။ သူဟာ အသက် (၇) နှစ်ကျော်အရွယ်သာရှိ သေးပေမယ့်လည်း ပြသနေခဲ့တဲ့စွမ်းဆောင်ရည်တွေကြောင့် အရွယ်နဲ့မလိုက်အောင် လူမှုကွန်ယက်ဝက်ဘ်ဆိုဒ် တွေမှာနာမည်ကြီးလာခဲ့ပါတယ်။ ပြည်ပအားကစားမီဒီယာတွေရဲ့ ဖော်ပြမှုအရ ရူဒေါ့အင်ဂရမ်ရဲ့ လူမှုကွန်ယက် ၀က်ဘ်ဆိုဒ်တွေကို အဖေဖြစ်သူကစီမံတာဖြစ်ပြီး၊ အဖေဖြစ်သူရဲ့ တင်ခဲ့တဲ့ Video Clip တွေ ကြောင့်လည်း သားဖြစ်သူရူဒေါ့အင်ဂရမ်ကို နိုင်ငံရပ်ခြားကပါလူသိများလာခဲ့ပါတယ်။

သူဟာ American Football အားကစားနည်း ကိုကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပေမယ့်လည်း အပြေးပြိုင်ပွဲတွေမှာလည်း မကြာမကြာပါဝင်ယှဉ်ပြိုင်နေပြီး၊ စံချိန် ကောင်းတွေလည်း တင်နိုင်ခဲ့တာကြောင့် လာမယ့်အနာဂတ်မှာတော့ သူဝါသနာပါတဲ့ American Football အား ကစားနည်းနဲ့ အရည်အသွေးရှိတဲ့ Athletics အားကစားနည်းထဲက ဘယ်အားကစားနည်းကိုရွေးချယ်သွားမလဲ ဆိုတာကတော့ အဖေဖြစ်သူကစိတ်ကြိုက်ရွေးချယ် ခွင့်ပြုထားခဲ့ပါတယ်။ လက်ရှိမှာတော့ရူဒေါ့အင်ဂရမ်ရဲ့ အင်စ တာဂရမ်မှာ နာမည်ကြီးပုဂ္ဂိုလ်တွေအဖြစ် American Football အားကစားနည်းမှကစားသမားတွေရှိနေသလို၊ အမေရိကန်သမ္မတဟောင်းအိုဘားမား၊ အမေရိကန်ပေါ့ပ်အဆိုတော်ဂျင်နီဖာ လိုပက်ဇ်၊ ဗြိတိန်နာမည်ကြီးပေါ့ပ်အ ဆိုတော်ဂျူအာလစ်ပါနဲ့ ဘက်စကက်ဘောနာမည်ကြီးကစားသမားတစ်ဦးဖြစ်တဲ့ လီဘရွန်ဂျိမ်းစ်တို့ဟာလည်း ရူဒေါ့အင်ဂရမ်ရဲ့ စွမ်းဆောင်ရည်တွေကို သဘောကျနှစ်သက်သူတွေအဖြစ်ရှိနေခဲ့ကြပါတယ်။

 

 

Related News