မန်ယူအသင်းဟာ ယနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့အက်ဖ်အေဖလားပြိုင်ပွဲ မှာ (၂) ဂိုးပြတ်နဲ့အနိုင် ရရှိခဲ့ပြီးနောက် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းနဲ့ လက်ရှိချန်ပီယံကိုပြိုင်ပွဲကနေထုတ်နိုင်ခဲ့တဲ့ အသင်းအဖြစ် မှတ်တမ်းဝင် ခဲ့ပါတယ်။ မန်ယူအသင်းဟာ ယနေ့မနက်အစောပိုင်းမှာ ချယ်လ်ဆီးအသင်းကို ကွင်းလယ်လူတွေဖြစ်ကြတဲ့ ဟာရဲ ရားလ်နဲ့ ပေါ့ဘာတို့ရဲ့ သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ (၂) ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပြီး၊ လက်ရှိချန်ပီယံချယ်လ်ဆီးအ သင်းကို ပြိုင်ပွဲကနေ ထုတ်နိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ စတုထ္ထအဆင့်မှာလည်း ပြိုင်ပွဲရဲ့ အအောင်မြင် ဆုံးအသင်းဖြစ်တဲ့ အာဆင်နယ်အသင်းကို အဝေးကွင်းမှာ (၃) ဂိုး (၁) ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး၊ ပြိုင်ပွဲကနေ ထုတ်ခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အာဆင်နယ်အသင်းနဲ့ လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းတို့ကို တစ်ရာသီအတွင်းမှာပြိုင်ပွဲကနေထုတ်နိုင်ခဲ့တာဟာ (၁၉၉၈-၉၉) ဘောလုံးရာသီ နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ်ထုတ်နိုင်ခဲ့တဲ့မှတ်တမ်းကောင်းတစ်ခုကိုပိုင်ဆိုင်ခဲ့ပါတယ်။

မန်ယူအသင်း ဟာ နည်းပြဆိုးလ်ရှားလက်ထက်မှာပုံစံကောင်းတွေပြသထားခဲ့ပြီး၊ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေနဲ့တွေ့ ဆုံထားရာမှာ စပါးစ်၊ အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတို့ကိုအနိုင်ယူပြထားခဲ့ပါတယ်။ မန်ယူအသင်းဟာ ယခုနှစ်ရာသီ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ တတိယအဆင့်ကနေပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊ တတိယအဆင့်မှာသာ ရီးဒင်းအ သင်းကိုအိမ်ကွင်းမှာယှဉ်ပြိုင်ခဲ့ရပြီး၊ စတုထ္ထအဆင့်မှာ အာဆင်နယ်၊ ပဉ္စမအဆင့်မှာ ချယ်လ်ဆီးအသင်းတို့ကို အဝေးကွင်းပွဲစဉ်အဖြစ်ယှဉ်ပြိုင်ထားခဲ့ရပါတယ်။ ဒါ့အပြင်ပဉ္စမအဆင့် ပွဲစဉ်တွေအပြီး ကွာတားဖိုင်နယ်အဆင့်အ တွက်မဲခွဲမှုတွေပြုလုပ်ခဲ့ရာမှာလည်း ပရီးမီးယားလိဂ်ကလပ်ဝုဗ်ဗာဟန်တန်အသင်းကို အဝေးကွင်းမှာ ထပ်မံရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။အခြားသော FA ဖလားပြိုင်ပွဲရဲ့  ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေအဖြစ် ဆွမ်ဆီးအသင်းနဲ့ မန်စီးတီးအသင်း၊ ၀က်ဖို့ဒ်အသင်းနဲ့ ခရစ္စတယ်လ်ပဲလေ့စ်အသင်း၊ မီဝေါလ်အသင်းနဲ့ ဘရိုက်တန်အသင်းတို့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

 

 

Related News