ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးဘာပေဟာ (၂၀၁၈-၁၉) ဘောလုံးရာသီ၊ ပြင်သစ်လိဂ်ဂူးဝမ်းပြိုင်ပွဲမှာ သွင်းဂိုး (၂၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လိဂ်ဂူးဝမ်းပြိုင်ပွဲ၊ လက်ကျန်ပွဲစဉ်အဖြစ် မောင့်ပယ်လီယာအသင်းနဲ့ယှဉ် ပြိုင်ကစားခဲ့ပြီး၊ (၅) ဂိုး (၁) ဂိုးနဲ့ အိမ်ကွင်းမှာဂိုးပြတ်နိုင်ပွဲတစ်ပွဲကိုပုံဖော်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ပီအက်စ် ဂျီအသင်းအတွက် သွင်းဂိုး (၁) ဂိုးသွင်းယူနိုင်ခဲ့တဲ့ဘာပေဟာ ယခုနှစ်ရာသီ၊ ပြင်သစ်လိဂ်ဂူးဝမ်းပြိုင်ပွဲရဲ့ သွင်းဂိုး (၂၀) ပြည့်မြောက်ခဲ့ပါတယ်။ သူဟာအသင်းဖော်တွေဖြစ်ကြတဲ့ နေမာနဲ့ ကာဗာနီတို့ ဒဏ်ရာပြဿနာနဲ့ရင်ဆိုင် နေရချိန်မှာ အသင်းအတွက်အကောင်းဆုံးပုံစံတွေပြသပေးနေခဲ့ပြီး၊ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ပိုင်းမှာ သွင်း ဂိုးနှုန်းလျော့ကျသွားခြင်းမရှိဖို့အတွက် ဦးဆောင်ကစားနေခဲ့သူတစ်ဦးဖြစ်ပါတယ်။

ဘာပေဟာ ယခုနှစ်ရာသီ ပြင်သစ်လိဂ်ဂူးဝမ်းပြိုင်ပွဲမှာ ပွဲစဉ် (၁၉) ပွဲသာပါဝင်ကစားထားခဲ့ပေမယ့်လည်း သွင်းဂိုး (၂၀) အထိသွင်းယူထား နိုင်ခဲ့ပြီး၊ ဥရောပထိပ်တန်းလိဂ် (၅) ခုမှာ မက်ဆီပြီးနောက် လိဂ်သွင်းဂိုး (၂၀) ပြည့်မြောက်တဲ့ ဒုတိယမြောက်က စားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီကတော့ ယခုနှစ်ရာသီ စပိန်လာလီဂါပြိုင် ပွဲမှာ သွင်းဂိုး (၂၂) ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး၊ ဥရောပထိပ်တန်းလိဂ် (၅) ခုမှာ လိဂ်သွင်းဂိုး (၂၀) အမြန်ဆုံး ပြည့်မြောက်တဲ့ကစားသမားအဖြစ်ရပ်တည်ထားခဲ့ပါတယ်။ ဘာပေဟာ ယခုနှစ်ရာသီမှာ ပီအက်စ်ဂျီအသင်းအ တွက် ပြိုင်ပွဲစုံပွဲစဉ်ပေါင်း (၃၀) ပါဝင်ကစားထားခဲ့ရာမှာ သွင်းဂိုးပေါင်း (၂၅) ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။အဓိကတိုက်စစ်မှူး (၂) ဦးဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရချိန်မှာ ဘာပေရဲ့ ခြေစွမ်းကောင်းတွေပြသ ထားနိုင်မှုက ပီအက်စ်ဂျီအသင်းနည်းပြသောမတ်စ်တူချယ်လ်အတွက် စိတ်သက်သာရာရစေခဲ့ပြီး၊ ဘာပေအနေ နဲ့လည်း ဒဏ်ရာပြဿနာရင်ဆိုင်ရခြင်းမရှိဖို့အတွက် သောမတ်စ်တူချယ်လ်အနေနဲ့ မျှော်လင့်ရတော့မှာဖြစ်ပါ တယ်။

 

 

Related News