ပီအက်စ်ဂျီတိုက်စစ်မှူးဘာပေဟာ မိုနာကိုအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အပြေးစံချိန်တစ်ခုကိုတင်နိုင်ခဲ့ပြီး၊ အဆိုပါစံချိန်ဟာ ဂျမေကာအပြေးသမားအူစိန်ဘော့ရဲ့ ကမ္ဘာ့စံချိန်တစ်ခုထက် သာလွန်ခဲ့တယ်လို့ သိရပါတယ်။ပြင်သစ်လိဂ်ဂူးဝမ်းပွဲစဉ် (၃၃) အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ မိုနာကိုအသင်းတို့ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပီအက်စ် ဂျီအသင်းက (၃) ဂိုး (၁) ဂိုးနဲ့အနိုင်ရရှိ ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးတွေကို တိုက်စ်မှူးဘာစ ပေတစ်ဦးတည်းကသွင်းယူပေးခဲ့ပြီး၊ ဟက်ထရစ်သွင်းဂိုး ရယူနိုင်ခဲ့ပါ တယ်။ အဆိုပါပွဲစဉ်မှာ တိုက်စစ်မှူးဘာပေ အနေနဲ့အဖွင့်ဂိုးကိုသွင်းယူခဲ့ရာမှာ သူ့ရဲ့ အပြေးနှုန်းဟာ အတော်လေးမြန်ဆန်ခဲ့ပြီး၊ ပြည်ပမီဒီယာ တွေရဲ့ ဖော်ပြမှု အရ ဂျမေကာတာတိုအပြေးသမားဟောင်းအူစိန်ဘော့ရဲ့ စံချိန်ထက်တောင် မြန်ဆန်ခဲ့ပါတယ်။

ဘာပေရဲ့ အပြေးနှုန်းကို တိုင်းတာခဲ့ရာမှာ ဘာပေဟာ တစ်နာရီကို (၃၈) ကီလိုမီတာနှုန်းနဲ့ပြေးခဲ့ပြီး၊ (၂၀၀၉) ခုနှစ်က ဂျမေကာ တာတိုအပြေးသမားအူစိန်ဘော့ရဲ့ ကမ္ဘာ့ စံချိန်က တစ်နာရီကို (၃၇.၅၈) ကီလိုမီတာနှုန်းသာရှိနေခဲ့တာကြောင့် အူစိန်ဘော့ရဲ့ စံချိန်ထက်သာလွန်ခဲ့ပါတယ်။ ဘာပေရဲ့ စံချိန်ဟာ အူစိန်ဘော့ရဲ့ စံချိန်ထက်သာလွန်နေခဲ့တာ ကြောင့် ဘောလုံးပြိုင်ပွဲတွေထဲမှာ ဘာပေဟာ အပြေးအမြန်ဆုံးကစားသမားအဖြစ်သတ်မှတ်လို့ ရနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်းဘာပေဟာ (၂၀၀၉) ခုနှစ်ကတင်ထားခဲ့တဲ့ အူစိန်ဘော့ရဲ့ စံချိန်ကိုသာချိုးဖြတ်နိုင်ခဲ့တာ ဖြစ်ပေမယ့် အူစိန်ဘော့ရဲ့ အကောင်းဆုံးသောစံချိန်တစ်ခုဖြစ်တဲ့ တစ်နာရီကို (၄၄.၇၂) ကီလိုမီတာစံချိန်ကို တော့ လိုက်မှီနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ဘာပေဟာ ပြင်သစ်လိဂ်ဂူးဝမ်းရဲ့ အပြေးအမြန်ဆုံးကစားသမား အဖြစ်ရပ်တည်နေသလို၊ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အပြေးအမြန်ဆုံးကစားသမား အဖြစ်ကတော့ မန်စီးတီးတောင် ပံကစားသမားလီရွိုင်းဆာနေးကရပ်တည်နေခဲ့ပါတယ်။ဆာနေးလ်ဟာ ပြီးခဲ့တဲ့ (၂၀၁၇-၁၈) ဘောလုံးရာသီက တစ်နာရီကို (၃၅.၄၈) ကီလိုမီတာနှုန်းနဲ့ ပရီးမီး ယားလိဂ်ရဲ့ အပြေးအမြန်ဆုံး ကစား သမားအဖြစ် ရပ်တည်ထားနိုင်ခဲ့ပါတယ်။

 

 

Related News