ပြင်သစ်လူမျိုးအမျိုးသမီးဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ စတီဖန်နီဖရက်ပတ်ဟာ လာမယ့်ပြင်သစ်လိဂ်ဂူးဝမ်းပွဲစဉ်(၃၄)မှာ ပြင်သစ်လိဂ်ဂူးဝမ်းပွဲစဉ် တစ်ပွဲကို တာဝန်ယူကိုင်တွယ်သွားမှာဖြစ်တာကြောင့် ပြင်သစ်ထိပ်တန်းလိဂ်ရဲ့  ပထမဦးဆုံး အမျိုးသမီး ဒိုင်လူကြီးအဖြစ်မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။ပြင်သစ်လိဂ်ဂူးဝမ်းပွဲစဉ်တွေဟာ ပွဲစဉ် (၃၄) ကိုရောက်ရှိလာခဲ့ပြီး၊ ချန်ပီယံဆုကိုတော့ ပီအက်စ်ဂျီအ သင်းကရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြင်သစ် လိဂ်ဂူးဝမ်းပွဲစဉ် (၃၄) အဖြစ် အေမီယန်အသင်းနဲ့ စထရက်ဘော့အ သင်းတို့ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ပါဝင်နေခဲ့ပြီး၊ အဆိုပါပွဲစဉ်ကိုတော့ အမျိုးသမီးဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ စတီဖန်နီ ဖရက်ပတ်က တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။ အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်လူမျိုးအမျိုး သမီးဒိုင်လူကြီးဟာ ကမ္ဘာ့ ဘောလုံးအဖွဲ့ ချုပ် (ဖီဖာ) ရဲ့ အသိအမှတ်ပြုခြင်းခံထားရတဲ့ဒိုင်လူကြီးတစ်ဦးဖြစ်ပြီး၊ ပြင်သစ်ဒုတိယတန်းလိဂ်ဖြစ်တဲ့ လိဂ် (2) ပြိုင်ပွဲတွေမှာ ဒိုင်လူကြီးအဖြစ် လွန်ခဲ့တဲ့ (၅) နှစ်ကတည်းကတာဝန် ယူကိုင်တွယ်နေခဲ့ပါတယ်။

သူမဟာယခုနှစ်နွေရာသီမှာ ပြင်သစ်မှာကျင်းပပြုလုပ်မယ့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဒိုင်လူကြီးအဖြစ်တာဝန်ယူဆောင်ရွက်ရန် တာဝန်ပေးခြင်းခံထားရပြီး၊ လက်ရှိမှာသူမကိုပြင်သစ် လိဂ်ဂူးဝမ်းပွဲစဉ်မှာကိုင်တွယ်စေခဲ့တာဟာ အတွေ့အကြုံကောင်းတွေ ရရှိစေဖို့ဖြစ်တယ် လို့သိရပါတယ်။ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ စတီဖန်နီဖရက်ပတ်ကို လာမယ့်အမျိုးသမီးကမ္ဘာ့ ဖလားပြိုင်ပွဲကိုတာဝန်ယူ ကိုင်တွယ် စေဖို့အတွက် ပြင်သစ်ဘောလုံးအဖွဲ့ ချုပ်ကိုတောင်းဆိုခဲ့ပြီး၊ ပြင်သစ်ဘောလုံးအဖွဲ့ ချုပ်အနေနဲ့ကလည်း ဖီဖာရဲ့ တောင်းဆိုမှုကို လက်ခံခဲ့ပါ တယ်။ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲကိုပထမဦးဆုံးတာဝန်ယူကိုင်တွယ် ခဲ့တဲ့အမျိုးသမီးဒိုင်လူကြီးအဖြစ် ဂျာမနီအမျိုးသမီးဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ဘီဘီယာနာစတိန်းဟက်က (၂၀၁၇) ခုနှစ်က ဟာသာဘာလင်အသင်းနဲ့ ၀ါဒါဘရီမင်အသင်းတို့ပွဲစဉ်ကိုကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။(၂၀၁၉) အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ပြင်သစ်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့က ဇွန်လ(၇)ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

 

 

Related News