ထိုင်းနိုင်ငံတောင်ပိုင်းနေရာတော်တော်များများမှာ မိုးသည်းထန်ရွာပြီးနောက် ရေကြီးရေလျှံမှု တွေဖြစ်ပွားနေတာ သီတင်းပတ် တစ်ပတ်ကျော်သွားပြီဖြစ်ပါတယ်။ ရေကြီးမှုတွေအတွင် သေဆုံးသူ အရေအတွက်ဟာ ၂၅ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။ ရေကြီးမှုတွေဟာ နိုင်ငံတောင်ပိုင်းက ခရိုင်(၁၂)ခုမှာနေထိုင်သူ တစ်သန်းကျော်ကို ရေဘေး ကြုံနေရစေလို့ထိုင်းအစိုးရက အရေးပေါ်အကူအညီတွေ တိုးပေးနေရပါတယ်။

ရေကြီးမှုဟာ နှစ်ငါးဆယ်အတွင်း အဆိုးရွားဆုံး ဖြစ်တယ်လို့ ထိုင်းသဘာဝဘေးအန္တရာယ်တားဆီးရေးဌာက ထုတ်ပြန်ထားပါတယ်။ ဆူရတ်သာနီခရိုင်မှာအဆိုးရွားဆုံး ဖြစ်ပွား နေတဲ့ရေကြီးမှုတွေကြောင့် ဆန်မြူနဲ့ ဖန်ဂန်ကျွန်းတွေသွားမယ့် ကမ္ဘာလှည့်ခရီးသည်တွေကိုပါ သက်ရောက်မှုရှိနေစေပါတယ်။ ရေကြီးမှုသတိပေးချက်ထုတ်ပြန်ချိန်မှာ ဒေသခံတွေအနေနဲ့လိုက်နာကြဖို့လိုအပ်ပြီး နေအိမ်ကနေ မစွန့်ခွါလိုတဲ့ဒေသခံတွေ ကြောင့် ရွှေ့ပြောင်းကယ်ဆယ်ရေး အခက်တွေ့နေစေတယ်လို့ ၀န်ကြီးချုပ် ပရာရွတ် ချန်အိုချာကပြောပါတယ်။

နိုင်ငံ တောင်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့ ရေကြီးမှုကြောင့် အစိုးရအဆောက်အအုံ ၅ ခု၊ လမ်းမကြီး နှစ်ရာကျော်နဲ့ တံတား အစင်းခြောက် ဆယ်ကျော် ပျက်စီးမှုဖြစ်ပွားထားပါတယ်။ ရေကြီးမှုကြောင့် နတ်ခိုဆီ သာမရက် ခရိုင်က လေကြာင်းခရီးစဉ်တွေနဲ့  နိုင်ငံတောင်ပိုင်း မီးရထားသွားလာမှုတွေကိုလည်း ပိတ်ထားရပါတယ်။     

Related News