ဂျပန်နိုင်ငံ၊ အနောက်တောင်ပိုင်းရဲ့အဓိကကျွန်း(၁)ခုဖြစ်တဲ့ ကူရှကျွန်းမှာ ဇွန်လ(၂၉)ရက်ကမိုးကြီးခဲ့တာကြောင့် ရေကြီးမှုတွေ ရှိခဲ့တယ်လို့ ဂျပန်အမျိုးသားမိုးလေ၀သဌာနအရာရှိတွေကပြောပါတယ်။ မိုးကြီးခဲ့တာကြောင့် မြေပြိုမှုတွေနဲ့ ရေလွှမ်းမိုးမှုသတိ ပေးချက်တွေထုတ်ပြန်ထားပြီး ဖုကရိုကာနဲ့ နာဂါစကီစီရင်စုတွေမှာ (၁)နာရီကိုမိုးရေချိန်(၁၁၀)မီလီမီတာရှိခဲ့တယ်လို့ ဒေသ မိုးလေ၀သအေဂျင်စီ(၁)ခုကပြောပါတယ်။ မိုးကြီးမှုကြောင့် ဖုကရိုကာစီရင်စုမှာရှိတဲ့ မြို့(၁)မြို့က အိမ်(၁)လုံးနဲ့ လမ်းအတော်များ များကိုရေလွှမ်းမိုးခဲ့ပါတယ်။ ဖုကရိုကာ၊ ဆာဂါ၊ နာဂါစကီနဲ့ ကူမာမိုတိုစီရင်စုတွေမှာ ရေကြီးမှုတွေနဲ့ မြေပြိုမှုတွေဖြစ်နိုင်တယ်လို့ ဒေသမိုးလေ၀သအေဂျင်စီကသတိပေးထားပါတယ်။

တချိန်ထဲမှာပဲ ဂျပန်အလယ်ပိုင်းနဲ့ အနောက်ပိုင်းတွေမှာလေထုမတည်ငြိမ် မှုတွေကြောင့် အားကောင်းတဲ့လေပွေ(၁)ခုဖြစ်စေခဲ့ပါတယ်။ အဲဒီလေပွေတိုက်ခတ်မှုကြောင့် ရှီဂါစီရင်စုထဲက အိမ်(၁)လုံးရဲ့ ခေါင်မိုးတွေပြုတ်ထွက်စေခဲ့သလို လမ်း(၁)လမ်းကိုလည်းပိတ်ဆို့မှုတွေဖြစ်စေခဲ့ပြီး ကား(၁)စီးပျက်စီးခဲ့ပါတယ်။ အခုဖြစ်ရပ် ကြောင့် ဒေသထဲမှာ အသေးစားဒဏ်ရာရတာမျိုးတွေရှိခဲ့တယ်လို့ NHKသတင်းဌာနကဖော်ပြပါတယ်။ တိုကျိုမြို့မှာတော့ နေသာ တဲ့အပြင် ပူပြင်းခြောက်သွေ့ခဲ့ပြီး မတူညီတဲ့ရာသီဥတုတွေနဲ့ကြုံခဲ့ရတယ်လို့သိရပါတယ်။ အခုနှစ်ဂျပန်နိုင်ငံရဲ့မိုးရာသီဟာအရင် နှစ်တွေ ထက်(၃)ပတ်ကျော်လောက်စောပြီး ပြီးဆုံးမှာဖြစ်တယ်လို့ ဂျပန်မိုးလေ၀သအရာရှိတွေကပြောပါတယ်။

 

 

Related News