ဂျပန်နိုင်ငံ မြို့တော်တိုကျိုနဲ့ တခြားဒေသအတော်များများမှာ အပူချိန်မြင့်တက်လာချိန်မှာ အပူရှပ်ခဲ့တာကြောင့် ဇူလိုင်လအတွင်း သေဆုံးသူ (၁၄)ဦးအထိရှိလာပြီလို့ ဂျပန်မီးသတ်ဌာနကအတည်ပြုခဲ့ပါတယ်။ ဂျပန်နိုင်ငံမြို့တော်တိုကျိုမှာ အပူရှပ်တာကြောင့်အရေးပေါ်လူနာတင်ယာဉ်ခေါ်ဆိုမှုအရေအတွက် စံချိန်တင်မြင့်တက်ခဲ့ပြီး ဇူလိုင် လ(၁၈)ရက်တစ်ရက်တည်းမှာတင် အရေးပေါ်လူနာတင်ယာဉ်(၃၀၃၆)ကြိမ်လွှတ်ပေးခဲ့ရတယ်လို့ တိုကျိုမီးသတ်ဌာနကပြောခဲ့ပါ တယ်။

(၁၉၃၆)ခုနှစ်က ဂျပန်မှာ လူနာတင်ယာဉ်အဖွဲ့စတင်ဖွဲ့စည်းခဲ့ပြီးကတည်းက အခုဖြစ်ရပ်ဟာ အများဆုံးလို့ NHKသတင်းဌာ နကဖော်ပြပါတယ်။ ဖုန်းခေါ်ဆိုခဲ့သူတွေထဲက အပူရှပ်နေတယ်လို့ယူဆရသူတွေကိုဆေးရုံခေါ်သွားခဲ့ပြီး အသက်(၆၅)နှစ်အ ထက်လူကြီးတွေလည်း ဖျားတာကြောင့် အိမ်ထဲမှာနေနေရပါတယ်။ ဘောလုံးကစားနေကြတဲ့ အသက်(၂၀)အောက်လူငယ်တွေ မှာလည်း အပူရှပ်တဲ့လက္ခဏာတွေတွေ့ခဲ့ရပါတယ်။

အခုလအတွင်း တိုကျိုမြို့မှာ အပူရှပ်တာကြောင့် လူ(၁၄)ဦးသေဆုံးခဲ့တယ် လို့ တိုကျိုရဲတပ်ဖွဲ့ကပြောခဲ့ပါတယ်။ သေဆုံးခဲ့သူတွေက အသက်(၅၀)နဲ့(၉၀)ကြားရှိသူတွေဖြစ်တယ်လို့သိရပါတယ်။ နေခင်းပိုင်း တွေမှာ အားကစားလုပ်ရတာကို ရှောင်ဖို့နဲ့ အင်အားစိုက်ထုတ်ရတာတွေမလုပ်ဖို့ အရေးပေါ်ကျန်းမာရေးဌာနနဲ့ ပြည်သူ့ကျန်းမာ ရေးဌာနတို့က ညွှန်ကြားထားပြီး ရေနဲ့ဓာတ်ဆားရေတွေသောက်ပေးဖို့လည်း ညွှန်ကြားထားပါတယ်။

 

 

 

Related News