ဥရောပတိုက်မှာအပူလှိုင်းဖြတ်နေပြီး လာမယ့်ရက်ပိုင်းအတွင်း စံချိန်တင်အပူချိန်တွေထက်မြင့်တက်ဖွယ်ရှိနေတယ်လို့ ခန့်မှန်းနေ ကြပါတယ်။ ဥရောပရဲ့စံချိန်တင်အပူချိန်က (၁၉၇၇)ခုနှစ်ဇူလိုင်လမှာ ဂရိနိုင်ငံ၊ အေသင်မြိုရဲ့အပူချိန်ဖြစ်ခဲ့တဲ့(၄၈)ဒီဂရီစင်တီဂ ရိတ်ဖြစ်ပါတယ်။ စပိန်နဲ့ပေါ်တူဂီနိုင်ငံတို့မှာ အပူချိန်မြင့်တက်နေချိန်မှာပဲ အာဖရိကတိုက်ဘက်က လေပူတွေက ဥရောပတိုက် ဘက်ကိုရောက်လာပါတယ်။ သြဂုတ်လ(၂)ရက်နဲ့(၃)ရက်တို့မှာ စပိန်နိုင်ငံတောင်ပိုင်းနဲ့ ပေါ်တူဂီအရှေ့တောင်ပိုင်းတွေမှာ အပူ ချိန်(၄၇)ဒီဂရီဆဲလ်စီးယက်ရှိနိုင်တယ်လို့ BBCမိုးလေ၀သဌာနကခန့်မှန်းပါတယ်။

ပေါ်တူဂီနိုင်ငံရဲ့စံချိန်တင်အပူချိန်က (၂၀၀၃)ခု နှစ်မှာ မှတ်တမ်းဝင်ခဲ့တဲ့(၄၇.၄)ဒီဂရီဆဲလ်စီးယက်စ်ဖြစ်ပြီး စပိန်နိုင်ငံရဲ့အပူချိန်က ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်၊ ဇူလိုင်လမှာမှ မှတ်တမ်း ၀င်ခဲ့တဲ့ (၄၇.၃)ဒီဂရီဆဲလ်စီးယက်စ်ဖြစ်ပါတယ်။ နိုင်ငံအနောက်တောင်ပိုင်းမှာ အခုသီတင်းပတ်ကုန်အထိ အပူချိန်ပြင်းထန်နေဖို့ ရှိနေတယ်လို့ စပိန်အမျိုးသားမိုးလေ၀သဌာနက သတိပေးထားပါတယ်။ အပူချိန်မြင့်တက်နေတဲ့ကာလက (၂၀၀၃)ခုနှစ်မှာ စံချိန် တင်အပူချိန်မြင့်တက်ခဲ့တဲ့ကာလနဲ့ဆင်တူနေပြီး အနိမ့်ဆုံးညအပူချိန်တွေက (၂၅)ကနေ (၃၀)ဒီဂရီဆဲလ်စီးယက်လောက်ရှိနိုင် တယ်လို့ ပေါ်တူဂီမိုးလေ၀သဌာနကခန့်မှန်းနေပါတယ်။

 

 

Related News