တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျီဂျန်းပြည်နယ်၊ ဟန်ကျိုးမြို့မှာ သြဂုတ်လ(၁၂)ရက်မနက်ပိုင်းက အဝေးပြေးလမ်းပေါ်မှာ ကုန်တင်ကား (၃)စီးနဲ့ ဗင်ကား(၂)စီးမှောက်ခဲ့တာကြောင့် လူ(၉)ဦးသေဆုံးပြီး နောက်ထပ်လူ(၃)ဦးဒဏ်ရာရခဲ့ပါတယ်။ အရေးပေါ်ဖုန်းခေါ်ဆို ခဲ့တာကြောင့် ဒေသရဲတပ်ဖွဲ့နဲ့ မီးသတ်ဌာနတို့ကအခင်းဖြစ်ရာနေရာကို ချက်ချင်းသွားရောက်ခဲ့တယ်လို့သိရပါတယ်။ အခင်းဖြစ် ရာနေရာကိုကယ်ဆယ်ရေးသမားတွေရောက်ရှိခဲ့ချိန်မှာ ကား(၃)စီးက မီးလောင်နေပါတယ်။ မီးလောင်နေတဲ့နားမှာ မီးလောင် လွယ်တဲ့ပစ္စည်းတွေနဲ့ သစ်ပင်တွေရှိခဲ့ပါတယ်။

မီးထိန်းနိုင်ရေးအတွက် တစ်နာရီလောက်ကြာခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက အတည်ပြုပါတယ်။ ဒဏ်ရာရခဲ့သူ(၄)ဦးကို အခင်းဖြစ်ရာနားကဆေးရုံမှာကုသမှုပေးနေပေမဲ့ လူ(၁)ဦးဆေးရုံမှာသေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူ(၃)ဦးထဲက(၁)ဦးကတော့ ဒဏ်ရာပြင်းထန်ပြီး ကျန်တဲ့(၂)ဦးတော့ဒဏ်ရာမပြင်းထန်ဘူးလို့ တောင်ဒဲဆေးရုံကဆရာ ၀န်(၁)ဦးကပြောပါတယ်။ မတော်တဆမှုဖြစ်ပွားခဲ့ချိန်မှာ သူနဲ့နောက်ထပ်လူ(၄)ဦးရှိခဲ့တယ်လို့ ဗင်ကားယာဉ်မောင်းကပြောပါ တယ်။ ဗင်ကားမှောက်ခဲ့ချိန်မှာ အရှေ့ကကုန်တင်ကားကိုတိုက်မိခဲ့တာလို့လည်းသူကပြောပါတယ်။ မတော်တဆမှုဖြစ်ရတဲ့အ ကြောင်းအရင်းကို စုံစမ်းနေတယ်လို့အာဏာပိုင်တွေကပြောပါတယ်။

 

 


 

Related News