တရုတ်နိုင်ငံ၊ "ဟူဘင်း" ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ(၁၈)ရက်နေ့လည်ပိုင်းအထိ တိုင်ဖွန်းမုန်တိုင်း"ရမ်ဘီယာ"တိုက်ခတ်ခဲ့တာကြောင့် မိုးကြီးခဲ့ပြီး လေပြင်းတွေတိုက်ခတ်ခဲ့ပေမဲ့ မြောက်ဘက်ကိုရွေ့လျားသွားပြီလို့သိရပါတယ်။ "ဇင်းတိုင်"မြို့က လမ်းအတော်များများနဲ့ မီးပွိုင့်တွေမှာ ရေကြီးခဲ့တာကြောင့် ရေနုတ်မြောင်းတွေမှာလည်း ရေတွေလျှံနေပါတယ်။

တိုင်းတာမှုတွေအရ (၃၀)နဲ့ (၄၀)စင်တီမီတာလောက်အထိ လမ်းတွေပေါ်ရေကျော်ခဲ့တယ်လို့သိရပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ လမ်းတွေပေါ်ကအန္တရာယ်ရှိတဲ့နေရာတွေကိုစောင့်ကြည့်ဖို့ မြို့တော်အာဏာပိုင်တွေကညွှန်ကြားပေးထားပြီး ရေမြောင်းတွေထဲ ကရေတွေကို မစုပ်ထုတ်နိုင်တာကြောင့် ပွင့်နေတဲ့ရေမြောင်းဖုံးတွေကို သတိထားဖို့ သတိပေးနေပါတယ်။

လာမယ့်(၃)ရက်လောက်အထိမိုး ဆက်ကြီးနေအုံးမယ်လို့ ခန့်မှန်းထားပြီး မြို့တွင်းဒေသတွေက ရေတွေကို စုပ်ထုတ်နိုင်ရေးအတွက် နေ့ရော၊ ညပါလုပ်ဆောင်သွားမယ်လို့ ရေကြီးမှုထိန်းချုပ်ရေးအာဏာပိုင်တွေကပြောပါတယ်။ တိုင်ဖွန်းမုန်တိုင်း"ရမ်ဘီယာ"ဟာ သြဂုတ်လ(၁၇)ရက်က တရုတ်နိုင်ငံအရှေ့ပိုင်းမှာစတင်တိုက်ခတ်ခဲ့ပြီး အခုနှစ်အတွင်း ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသမှာ တိုက်ခတ်ခဲ့တဲ့(၄)ကြိမ်မြောက်မုန်တိုင်းဖြစ်သလို လေပြင်းတိုက်ခတ်တာတွေ၊ မိုးကြီးတာတွေနဲ့ ရေကြီးတာတွေဖြစ်ပေါ်စေခဲ့ပါတယ်။

 

 

 

Related News