ဂျပန်နိုင်ငံအနောက်ပိုင်းကို တိုင်ဖွန်းမုန်တိုင်း “ဂျဲဘီ”၀င်ရောက်နေပြီး မုန်တိုင်းထပ်ဝင်နိုင်တဲ့နေရာတွေအတွက်လည်း အာဏာပိုင် တွေက သတိပေးနေပါတယ်။ဂျပန်နိုင်ငံအနောက်ပိုင်းကို တိုင်ဖွန်း“ဂျဲဘီ”၀င်ရောက်နေပြီး နေရာတချို့မှာ ကယ်ဆယ်ရေအကြံပြုချက်တွေနဲ့ အမိန့်တွေထုတ် ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ့နေပြီး လေပြင်းတွေတိုက်နေတဲ့အတွက် အပျက်အစီး တွေများနေပါတယ်။ ဂျပန်နိုင်ငံအနောက်ပိုင်းမှာ မုန်တိုင်းဝင်ခဲ့တာကြောင့် ထရပ်ကားတွေမှောက်နေတာနဲ့ အပျက်အစီးတွေရှိခဲ့ တယ်လို့ NHKသတင်းမှာဖော်ပြပါတယ်။

ဂျပန်နိုင်ငံ၊ “ကိုဘဲ”မြို့မှာ  လူ(၂၈၀၀၀)လောက်အတွက် ကယ်ဆယ်ရေးအဖွဲ့(၁)ဖွဲ့စေ လွှတ်ထားတယ်လို့သိရပါတယ်။ မုန်တိုင်းကြောင့် မိုးကြီးနေတဲ့အတွက် ရေကြီး၊ မြေပြိုမှုတွေဖြစ်နိုင်တယ်လို့ “ကိုဘဲ”အာဏာပိုင် တွေကပြောပါတယ်။ “ကျိုတို”၊ “အိုဆာကာ”နဲ့“ကိုဘဲ”မြို့ကရထားလမ်းတွေအားလုံးရပ်ဆိုင်းခဲ့ရပြီး ရှင်ကန်ဆန်းကျည်ဆန်ရ ထားခရီးစဉ်တွေလည်း ရပ်ဆိုင်းထားပါတယ်။ ဂျပန်နိုင်ငံတွင်းသားလေကြောင်းခရီးစဉ်(၆၀၀)ကျော်ကိုလည်း ဖျက်သိမ်းထားပြီး “ကာဂါဝါ”စီရင်စုကိုလည်း မုန်တိုင်းဝင်လာဖွယ်ရှိနေတဲ့အတွက် သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။ ရေကြီးတာကိုကာ ကွယ်ဖို့ “ရှီကိုကူး”ဒေသက “တာကာမတ်စု”မြို့ခံတွေက သဲအိတ်တွေပြင်ဆင်နေကြပါတယ်။ အကူအညီလိုတဲ့သူတွေခေါ်ဆိုနိုင် ဖို့ တိုက်ရိုက်ဖုန်းလိုင်းတွေလည်းစီစဉ်ပေးထားတယ်လို့သိရပါတယ်။ 

 

 

Related News