ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းကမိုးကြီးခဲ့တာကြောင့် ထိုင်းနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ အပျက်အစီးများနေသလို ရေကြီးမှုကြောင့် အမျိုးသား(၁)ဦးသေဆုံးခဲ့ပါတယ်။ ရက်အတော်ကြာမိုးကြီးခဲ့ပြီးနောက် ထိုင်းနိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ရေကြီးခဲ့ပြီးထိခိုက်မှုတွေရှိနေပါတယ်။ “နန်း”ခရိုင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမိုးကြီးခဲ့တာကြောင့် ရေကြီးခဲ့ပြီးသစ်ပင်တွေမျောပါခဲ့သလို “သောင်ချန်း”ခရိုင်နဲ့ “ဆောင်က ဝေး”ခရိုင်တို့မှာလည်း အပျက်အစီးများခဲ့ပါတယ်။ လမ်းတွေနဲ့တံတားတွေကို ရေလွှမ်းမိုးခဲ့တာကြောင့် အဲဒီနေရာတွေဖြတ်သန်း သွားလာဖို့ မဖြစ်နိုင်ဘူးလို့သိရပါတယ်။

ရေကြီးမှုကြောင့် ထိခိုက်ခဲ့တဲ့ဒေသခံတွေထောက်ပံ့ရေးပစ္စည်းတွေပေးနိုင်ဖို့ ထိုင်းစစ် တပ်နဲ့ ကယ်ဆယ်ရေးလုပ်သားတွေကလည်း ကြိုးပမ်းနေပါတယ်။ ရေက(၁)မီတာကျော်အထိမြင့်တက်လာတာကြောင့် ကောက် ပဲသီးနှံတွေပျက်စီးမှာကို လယ်သမားတွေက စိုးရိမ်နေကြပါတယ်။ ရွာသားတွေကလည်း သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုယူပြီး ရေ လွှမ်းခံနေရတဲ့အိမ်တွေထဲကနေ ထွက်ခွာခဲ့ပါတယ်။ စက်တင်ဘာလ(၂)ရက်ညပိုင်းမှာကတည်းက ပျောက်ဆုံးနေတယ်လို့ တိုင် ချက်ဖွင့်ထားတဲ့ အသက်(၄၀)အရွယ်အမျိုးသား(၁)ဦးသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။ သေဆုံးခဲ့သူနဲ့သူ့ရဲ့ဆိုင်ကယ်က ရေထဲမျောပါခဲ့တာကြောင့်သေဆုံးခဲ့တာလို့ သူ့ရဲ့ဆွေမျိုးတွေကပြောပါတယ်။      

 

 

Related News