လာအိုနိုင်ငံ၊ မြို့တော် ဗီယန်ကျင်းမှာ မိုးကြီးခဲ့တာကြောင့် နမ်နမ်းဆည်အမှတ်(၁)အထက်ပိုင်းက ရေလှောင်ကန်ကနေတစ်မိနစ် ကို (၂၄၀၀၀၀)ကုဗမီတာနှုန်းနဲ့ အာဏာပိုင်တွေကရေလွှတ်ခဲ့ပြီးနောက် မြို့တွင်းရေကြီးမှုတွေဖြစ်နေပါတယ်။ ရေလှောင်ကန်ထဲ မှာ ရေတွေမြင့်တက်လာပြီး ဆည်ပြိုကျလာမှာကို အာဏာပိုင်တွေကစိုးရိမ်တာကြောင့် အခုလိုရေလွှတ်ခဲ့တာလို့သိရပါတယ်။ အ ခုလိုရေလွှတ်ခဲ့တာကြောင့် လာအိုနိုင်ငံအလယ်ပိုင်းက အိမ်တွေ၊ ကျောင်းတွေနဲ့ လယ်ယာမြေတွေမှာရေလွှမ်းမိုးမှုတွေဖြစ်နေပါ တယ်။ မိုးကြီးမှုကြောင့် ရေကြီးမှုတွေဖြစ်နေတုန်းမှာ နန်နမ်းဆည်အမှတ်(၁)အထက်ပိုင်း ရေလှောင်ကန်ကနေရေလွှတ်ဖို့အာ ဏာပိုင်တွေကညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။

စုစုပေါင်းစီရင်စု(၆)ခုနဲ့ မြို့တော် ဗီယန်ကျင်းမှာ ပြီးခဲ့တဲ့နှစ်ပတ်ကျော်လောက်  မိုးကြီးခဲ့တာကြောင့် ရေလွှမ်းမိုးခံခဲ့ရတယ်လို့သိရပါတယ်။ ရေလွှမ်းခံနေရတဲ့ နမ်နမ်းမြစ်တစ်လျှောက်ကဒေသတွေကို စက်တင် ဘာလ(၅)ရက်တုန်းက လာအိုဝန်ကြီးချုပ် သွန်းဂလွန်း ဆစ်ဇလစ်ဒ် သွားရောက်ခဲ့စဉ်တုန်းက ဒေသခံတွေရဲ့လုံခြုံရေးအတွက် အလေးထားဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဆိုင်ရာအာဏာပိုင်တွေနဲ့တွေ့ဆုံချိန်မှာလည်း နမ်နမ်း ဆည်အောက်ပိုင်းဒေသတွေက ရေကြီးနေတဲ့ဒေသခံတွေအတွက်စိုးရိမ်ပူပန်ကြောင်း ထုတ်ပြောခဲ့ပါတယ်။ 

 

 

Related News