ဖေဖော်ဝါရီ(၁၈)ရက်နဲ့ (၁၉)ရက်တို့မှာတရုတ်နိုင်ငံကမြို့တွေမှာ နှင်းတွေဖုံးလွှမ်းခဲ့လို့ နွေဦးရာသီအစောပိုင်းကာလကိုရောက်ဖို့ နှောင့်နှေးနေပါတယ်။ တရုတ်နိုင်ငံ မြို့တော် ဘေကျင်းမှာ နှင်းတွေကျခဲ့လို့ ကားတွေ၊ စက်ဘီးတွေနဲ့ လမ်းတွေမှာ နှင်းဖုံးခဲ့ပါတယ်။ နေထွက်လာချိန်မှာ နှင်းတွေအရည်ပျော်လာတာကြောင့် လူတွေခြေချော်တာနဲ့ ယာဉ်မောင်းတွေအတွက် လမ်းမချော် အောင်သတိထားခဲ့ရပါတယ်။ မြူထူတာနဲ့ လမ်းတွေရေခဲနေတာကြောင့် မိုးလေ၀သစောင့်ကြည့်လေ့လာရေးဌာနကအ၀ါရောင် အဆင့်သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ စီချွမ်ပြည်နယ် ဂျူဇိုင်းဂူကောင်တီမှာ ဖေဖော်ဝါရီ(၁၇)ရက်က နှင်းထုပမာဏ(၅.၂)မီလီမီတာရှိခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောခဲ့ပြီးဒါဟာ(၂၀၀၇)ခုနှစ်ကတည်းက နှင်းကျဆင်းမှုပမာဏအများဆုံးဖြစ်တယ်လို့ ဒေသစောင့်ကြည့်လေ့လာရေးဌာနရဲ့ပြောကြားချက်အရသိရပါတယ်။

 

Related News