မိုဇမ်ဘစ်နိုင်ငံကိုစတင်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းအိုင်ဒိုင်ဟာဇင်ဘာဘွေနဲ့ မာလာဝီနိုင်ငံတို့ဘက်ကိုလည်း ၀င်ရောက်ခဲ့လို့ (၃)နိုင်ငံစလုံးမှာအထိအခိုက်များနေပါတယ်။မတ်လ(၁၅)ရက်ကမိုဇမ်ဘစ်နိုင်ငံကိုအားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအိုင်ဒိုင်ဝင်ရောက်ပြီးနောက် အိမ်နီးချင်းနိုင်ငံတွေဖြစ် တဲ့ ဇင်ဘာဘွေနဲ့ မာလာဝီနိုင်ငံတို့ဆီရွေ့လျားခဲ့ပါတယ်။ မုန်တိုင်းကြောင့် ဇင်ဘာဘွေအရှေ့ပိုင်းကမန်နီကေလန်၊ မက်စ်ဗင်ဂိုနဲ့ မက်စ်ဟိုနာလန်းပြည်နယ်တို့မှာအပျက်အစီးတွေဖြစ်ခဲ့ပါတယ်။ ချီမန်နီမန်နီခရိုင်ကထိခိုက်မှုအများဆုံးနဲ့ သေဆုံးမှုအများဆုံး ဖြစ်ခဲ့တာပါ။ စင်တာတစ်ခုဆီသွားမယ့်လမ်းတွေမှာပိတ်နေတဲ့ သစ်ပင်တွေနဲ့အပျက်အစီးတွေကိုရှင်းလင်းဖို့ ကယ်ဆယ်ရေး သမားတွေကကြိုးစားနေပါတယ်။ ချီမန်နီမန်နီခရိုင်ရဲ့ချိုင့်ဝှမ်းဒေသတွေမှာ အနည်းဆုံးလူ(၅၀၀)လောက် ပျောက်ဆုံးနေပြီး သူတို့ကိုရှာတွေ့အောင်ကယ်ဆယ်ရေးသမားတွေကညလုံးပေါက်ကြိုးပမ်းနေကြပါတယ်။

အရေးပေါ်ကယ်ဆယ်ရေး၊ အစားအစာအကူအညီနဲ့ အခြေခံအဆောက်အဦတွေပြန်ပြုပြင်ဖို့ အမေရိကန်ဒေါ်လာသန်း(၇၀)ကိုအရန်အဖြစ် ထားရှိသွားမှာ ဖြစ်ပြီးရေကြီးမှုတွေကို နိုင်ငံတော်အဆင့်သဘာဝဘေးအဖြစ် ဇင်ဘာဘွေအစိုးရကကြေညာထားပါတယ်။ မိုဇမ်ဘစ်နိုင်ငံ၊ ဘိုင်ရာမြို့ကို မတ်လ(၁၅)ရက်ကတစ်နာရီ(၁၀၆)မိုင်နှုန်းနဲ့ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ခဲ့ပြီးဆိုင်ကလုန်းကြောင့် လူ(၁) သိန်းကျော်ဟာ အန္တရာယ်ရှိတဲ့အခြေအနေမှာရှိနေတယ်လို့ မိုဇမ်ဘစ်သမ္မတဖီလီပီ နျူစီကပြောပါတယ်။ ဇင်ဘာတွေ နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့မှာလည်းဆိုင်ကလုန်းကြောင့် အနည်းဆုံးလူ(၉၈)ဦးသေဆုံးပြီးနောက်ထပ်လူ(၂၀၀)ကျော် ပျောက်ဆုံးနေတယ်လို့ ဇင်ဘာဘွေအစိုးက ပြောပါတယ်။ မာလာဝီနိုင်ငံမှာတော့ ဆိုင်ကလုန်းကြောင့် လူ(၈)သောင်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရတယ်လို့ ကုလသမဂ္ဂကထုတ်ပြန်ထားပါတယ်။

 

 

Related News