အမေရိကန်နိုင်ငံမြောက်ပိုင်းက မစ်ဆိုရီမြစ်ရေလျှံတာကြောင့် အပျက်အစီးတန်ဖိုးဒေါ်လာသန်း ထောင်ချီရှိနေပါတယ်။ အမေရိကန်နိုင်ငံမှာ ရေကြီးမှုတွေဆက်လက်ဖြစ်နေပြီး မစ်ဆူရီမြစ်ရေလျှံလို့ လူ(၃)ဦးသေဆုံးပြီး အိမ်ရာချီပျက်စီးခဲ့ပါ တယ်။ အပျက်အစီးတန်ဖိုးက ဒေါ်လာသန်းထောင်ချီနေတဲ့အပြင် မေလအထိရေကြီးတဲ့အန္တရာယ်တွေ့နိုင်တယ်လို့ မိုးလေ၀သ ကျွမ်းကျင်သူတွေကသတိပေးပါတယ်။ နီဘရာစကာ၊ မစ်ဆိုရီနဲ့ ကန်ဆက်ပြည်နယ်တို့မှာ ဆောင်းရာသီကနေ နွေဦးရာသီပြောင်း ချိန်မှာ  မိုးကြီးတာကြောင့် မစ်ဆိုရီမြစ်ရေလျှံလေ့ရှိပေမဲ့  ဒီနှစ်မှာ မြစ်ရေလျှံတက်မှုက စံချိန်ကျော်လွန်ပြီး ဒေသခံတွေထိတ်လန့် ခဲ့ပါတယ်။ သောကြာနေ့က ကန်ဆက်ပြည်နယ်၊ အယ်ဝုဒ်မြို့မှာ မစ်ဆိုရီမြစ်ရေ(၃၂)ပေအထိမြင့်တက်ခဲ့ပြီး လူ(၁၄၀၀)ကိုရွှေ့ ပြောင်းဖို့ရှိခဲ့တဲ့အဲဒီမြို့မှာ မြစ်ကမ်းပါးနဲ့မြို့ကြားမှာ သဲအိတ်တွေနဲ့ခံထားတဲ့ရေကာတာပဲကျန်ခဲ့တာပါ။ နီဘရားစကားပြည်နယ်၊ ဘဲဗီမြို့မှာလည်း မိုးဒဏ်၊ နှင်းတွေအရည်ပျော်တဲ့ဒဏ်ခံခဲ့ရပါတယ်။ နီဘရာစကားပြည်နယ်တစ်ခုတည်းမှာ အိမ်ခြေ(၂၀၀၀)နဲ့ လုပ်ငန်းပေါင်း(၃၄၀)ပျက်စီးခဲ့ပါတယ်။ မွေးမြူရေးနဲ့သီးနှံပျက်စီးမှုက အမေရိကန်ဒေါ်လာသန်း(၁၄၀၀)ဖိုးလောက်ရှိပြီး နောက် ထပ်ထပ်တိုးလာနိုင်တယ်လို့လည်း ခန့်မှန်းနေပါတယ်။ မေလအထိရေကြီးတဲ့အန္တရာယ်ကြုံနိုင်တယ်လို့သတိပေးထားတဲ့အတွက် အာဏာပိုင်တွေက မစ်ဆိုရီမြစ်ရေအခြေအနေကို စောင့်ကြည့်ထားပါတယ်။

 

 

Related News