လက်ရှိ လေကြောင်းဈေးကွက်က စိန်ခေါ်မှုတွေရှိနေပြီး ဆက်ကြီးထွားနိုင်တဲ့အခြေအနေမရှိသေးတာကြောင့် FMI လေကြောင်းလိုင်းပြေးဆွဲမှုကို ယာယီရပ်နားလိုက်တာလို့ လေကြောင်းလိုင်း ရဲ့ ရင်းနှီးမြုပ်နှံသူဖြစ်တဲ့ FMI ကုမ္ပဏီ တာဝန်ရှိသူက ပြောပါတယ်။FMI ကုမ္ပဏီက ဒီလေကြောင်းလိုင်းရဲ့ (၁၀)ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လေကြောင်းလိုင်း ယာယီရပ်နားမယ့် အကြောင်းကိုတော့ ဇူလိုင်(၂၀)ရက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဇူလိုင်(၂၀)နောက်ပိုင်း ခရီးစဉ်တွေရဲ့ ကြိုတင်လက်မှတ်တွေအတွက် လက်မှတ်ခ ပြန်ပေးမှာဖြစ်ပြီး လေယာဉ်စင်းလုံးငှား ၀န်ဆောင်မှုကိုလည်း ဇူလိုင်(၂၃)ရက် နောက်ပိုင်း ရပ်နားမယ်လို့သိရပါတယ်။FMI လေကြောင်းလိုင်းဟာ ၂၀၁၂ခုနှစ်မှာ လေယာဉ်စင်းလုံးငှားဝန်ဆောင်မှုနဲ့ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၅ မှာတော့ ရန်ကုန်-နေပြည်တော် အပါအ၀င် ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ သံတွဲ စတဲ့ပြည်တွင်း ခရီးစဉ်တွေ ပြေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို လုပ်ငန်း ယာယီရပ်ဆိုင်းမှုကြောင့် ၀န်ထမ်း(၁၃၀)ကျော်အတွက် အခြားလုပ်ငန်းစုတွေမှာ ပြန်လည် ခန့်အပ်းတာနဲ့ လျော်ကြေးပေးအပ်တာတွေလုပ်ပေးမယ်လို့ FMI လေကြောင်းလိုင်းက ထုတ်ပြန်ထားပါ တယ်။ပြည်တွင်းလေကြောင်းခရီးစဉ်တွေမှာ ခရီးသည်နည်းပါးတာ၊ လေယာဉ်ဆီဈေးမြင့်တက်တာနဲ့ လေယာဉ် အလုံအလောက်မရှိတာတွေကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်တွေ စုပေါင်းပျံသန်းဖို့ ၀န်ကြီးဋ္ဌာနဘက် တိုက်တွန်းမှုတွေရှိခဲ့ပါတယ်။FMI  Air အနေနဲ့ လုပ်ငန်းပြန်လည်ဖွဲ့စည်းမှုတွေ လုပ်ဆောင်မှာဖြစ်ပြီး ဈေးကွက်ပေါ်မူတည်ပြီး လုပ်ငန်းပြန်လည် စတင်မယ့်အခြေအနေကို ဆုံးဖြတ်မယ်လို့သိရပါတယ်။ယခင် ပြည်တွင်းလေကြောင်းလိုင်း (၁၀)ခုထက်မနည်း ရှိရာက အခုလအတွင်း Air-bagan နဲ့Apex စတဲ့ ပြည်တွင်းလေကြောင်းလိုင်း တွေကလည်း လုပ်ငန်းလုပ်ကိုင်မှု ရပ်ဆိုင်းလိုက်ပါတယ်။ 

 

 

Related News