အိမ်တွင်းအသေးစားလုပ်ငန်းကို လုပ်ကိုင်မှု အခုနောက်ပိုင်းမှာ ပိုမိုတွင်ကျယ်လာပါတယ်။ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုကို လူအများစုစိတ်ဝင်စားလာကြပြီး အများဆုံးလုပ်ကိုင်လာကြတာကိုတွေ့ရပါတယ်။ SSME လုပ်ငန်းတွေကို လုပ်ကိုင်လျက်ရှိရာမှာ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု တွေကိုပိုမိုလုပ်ကိုင်လာကြတာကိုတွေ့ရပါတယ်။

လူသုံးကုန်ပစ္စည်းထုတ်လုပ်ရာမှာ ခေါင်းလျှော်ရည် ပန်းကန်ဆေးဆပ်ပြာရည်  မျက်နှာသစ်ဆပ်ပြာအစရှိတာတွေကို အိမ်တွင်း အသေးစားလုပ်ငန်းအနေနဲ့လုပ်ကိုင်လာကြပါတယ်။ မအေးမြကျော်ကတော့ ရေချိုးခန်းသုံးပစ္စည်းတွေဖျော်စပ်ရတာကို ဝါသနာပါခဲ့ပြီး ဆပ်ပြာဖျော်စပ်နည်း သင်တန်းတက်ပြီး အသေးစားလုပ်ငန်းလုပ်ကိုင်လာတာခြောက်လကျော်ကာလအတွင်းမှာ အောင်မြင်မှုရခဲ့တယ်လို့သိရပါတယ်။

အခုလိုပြည်တွင်းမှာဘဲ ရေချိုးခန်းသုံးပစ္စည်းတွေထုတ်လုပ်လာနိုင်တဲ့အတွက် ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပကနေမှာယူသုံးစွဲတာမျိုးမရှိတော့ဘဲ ပြည်တွင်းကထုတ်ကုန်တွေကို ဝယ်ယူရတဲ့အတွက် ယခင်ထက်ငွေကုန်သက်သာစေတယ်လို့ ပြောပါတယ်။ နိုင်ငံတော်အနေနဲ့လဲ SMEလုပ်ငန်းတွေတိုးတက်အောင် ပြပွဲ ပြိုင်ပွဲတွေပြုလုပ်ပေးနေပြီး SMEလုပ်ငန်းတွေထုတ်ကုန်တွေ ပိုမိုထုတ်လုပ်နိုင်အောင် ချေးငွေတွေလဲ ချထားပေးနေတာဖြစ်ပါတယ်။

 

 

Related News