Swisscontact ၊ Myanmar Responsible Tourism Institute (MRTI) ၊ Thant Myanmar နဲ့ Global Sustainable Tourism Council(GSTC) တို့ပူးပေါင်းပြုလုပ်တဲ့ဒုတိယအကြိမ်မြောက် ခရီးသွားလုပ်ငန်း နှင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်း ရေရှည်တည်တံ့ရေးဆိုင်ရာဖိုရမ်ကို စက်တင်ဘာလ (၄)ရက်က ရန်ကုန်မြို့ Chatrium Hotel မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ်မြောက်ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်း ရေရှည်တည်တံ့ရေးဆိုင်ရာဖိုရမ် မှာ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်း ရေရှည်တည်တံ့ရေးအတွက်ကျွမ်းကျင်မှု အတတ်ပညာဖွံ့ဖြိုးရေးသင်တန်းကိုအဓိကဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီသင်တန်းမှာတော့ ဧည်ကြိုဝန်ဆောင်မှုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းမှု သင်တန်း၊ အစားအသောက်တည်ခင်း ဧည့်ခံမှု သင်တန်းနဲ့ အစားအသောက်စီမံချက်ပြုတ်ရေးအတွက် ပြင်ဆင်မှုသင်တန်းပေး နေတာဖြစ်ပါတယ်။

ဒီလိုသင်ကြားပေးရာမှာ နိုင်ငံခြားဧည်သည့်အများဆုံးလာရောက်တဲ့လည်ပတ်တဲ့ ရန်ကုန်၊နေပြည်တော် ၊မန္တလေး၊ပုဂံအစရှိတဲ့ နေရာဒေသတွေက ဟိုတယ်ဝန်ထမ်းတွေ ကိုအခမဲ့ သင်ကြားပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်း ရေရှည်တည်တံ့ရေးအတွက် အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုအတတ်ပညာ ဖွံ့ဖြိုးရေးအစီအစဉ်ကို  ၂၀၁၄ ခုနှစ်ကတည်းကစတင်ဆောင်ရွက်နေတာဖြစ်ပြီး၊ ဟိုတယ်နဲ့ဧည်ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ သင်တန်းသား သင်တန်းသူ အယောက်(၄၀၀၀)ကျော် မွေးထုတ်သင်ကြားပေးခဲ့ပြီးပြီဖြစ်တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှု အများဆုံးနိုင်ငံတွေက တရုတ်၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား စတဲ့နိုင်ငံတွေဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုက ၃ ဒသမ ၅ သန်းထိရှိခဲ့တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကသိရပါတယ်။

 

 

Related News