ယခုတစ်ပတ်မန္တလေးဆန်ဈေးကွက်မှာ ဈေးတည်ငြိမ်ပြီးအရောင်းအဝယ်အေးနေကာ စက်တင်ဘာလကုန် ဆန်သစ်ပေါ်ချိန်မှသာဈေးအတက်အကျ ပြန်လည်ဖြစ်ပေါ်နိုင်တယ်လို့ မန္တလေးဆန်ကုန်စည်ဒိုင်အသင်း တာဝန်ရှိသူထံကသိရပါတယ်။ ယခုတစ်ပတ်မန္တလေးဆန်ဈေးကွက်မှာဈေးနှုန်းပြောင်းမှုမရှိဘဲဈေးတည်ငြိမ်နေပေမယ့် အရောင်းအဝယ်အေးနေပါတယ်။ စက်တင်ဘာလကုန်ပိုင်းမှာ ဆန်သစ်အချို့ ပေါ်လာဖို့ရှိပြီး ဆန်သစ်ပေါ်ချိန် လကုန်ရက်ဝန်းကျင်မှသာ ဆန်ဈေးအပြောင်းအလဲပြန်လည်ဖြစ်ပေါ်နိုင်တယ်လို့ မန္တလေးဆန်ကုန်စည်ဒိုင်အသင်း ဥက္ကဋ္ဌကပြောပါတယ်။

စက်တင်လာလ ၅ရက် မန္တလေးဆန်ဈေးကွက်မှာပြည်တွင်းမှာ သုံးတဲ့ဆန်တွေထဲကကျောက်ဆည်စဥ့်ကိုင်ကလာတဲ့ သုခ၊ ရွှေမနော် နဲ့ ရွှေသွယ်ရင် ဆန်အမျိုးအစားတွေက ဆန်၁အိတ်ကို၂သောင်းခွဲကျပ်ဝန်းကျင်ဈေး နဲ့အရောင်းသွက်နေတယ်လို့သိရပါတယ်။ ပြည်ပဆန်တင်ပို့မှုအနေနဲ့ တရုတ်ဝယ်လိုအား အပေါ် မူတည်ပြီး ဈေးအပြောင်းအလဲဖြစ်တယ်လို့သိရပါတယ်။ ပြည်တွင်းမှာ နယ်စပ်ကိုတင်ပို့တဲ့ ဆန်တွေနည်းသွားတဲ့အချိန်ဖြစ်ပြီး ကုန်သည် တွေအနေနဲ့ လက်ကျန်ဆန်တွေကိုသာထိန်းပြီးရောင်းနေကြတယ်လို့သိရပါတယ်။ မန္တလေးဆန်ဈေးကွက်အနေနဲ့ တရုတ်ကိုဆန်တင်ပို့ရာမှာ မကြာသေးခင်က တရုတ်ဘက်မှာဖမ်း ဆီးမှုတွေရှိတာကြောင့် ဆန်အရောင်းအဝယ်အေးပြီး ပုံမှန်သာအရောင်းအဝယ်လုပ်နေကြတယ်လို့သိရပါတယ်။

 

 

 

Related News