မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ အသင်း (MDA)မှကြီးမှူးကျင်းပတဲ့ ပထမအကြိမ်အိမ်ရာအရောင်းပြပွဲ စက်တင်ဘာလ (၇)ရက်မှ (၁၂)ရက်အထိရန်ကုန်မြို့ ပါရမီလမ်းရှိ Mingalar Parami Business Center မှာကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။ဒီအိမ်ရာပြပွဲမှာ အိမ်ရာတွေကို ဆောက်လုပ်သူတွေထံကနေ ၀ယ်ယူသူတွေက တိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်ပြီး အိမ်ရာလုပ်ငန်း (၁၄)ခုမှလာရောက်ရောင်းချပေးတာဖြစ်တယ်လို့သိရပါတယ်။ တိုက်ခန်းနဲ့ ကွန်ဒိုပေါင်း (၁၅၀၀)ခန့်ထိပါဝင်မှာဖြစ်ပြီး ငွေကျပ်သိန်း (၃၀၀)ကနေသိန်း (၃၀၀၀)ရှိ တိုက်ခန်း၊ကွန်ဒိုတိုက်ခန်းတွေကို ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

အိမ်ရာတွေကို ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အိမ်ရာချေးငွေ (၂၅)နှစ်ပေးသွင်းပြီး ၀ယ်ယူနိုင်သလို အိမ်ရာရောင်းချတဲ့ကုမ္ပဏီတွေကလည်း (၃)နှစ်ကနေ (၁၀)နှစ်အထိအရစ်ကျနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။တိုက်ခန်းများ၊ အိမ်ရာများရောင်းချခြင်းအပြင် ချောင်းသာကမ်းခြေအနီးရှိလုံးချင်းအိမ်ရာများကိုလည်း ပြပွဲမှာ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ အသင်း (MDA)အသင်းအနေနဲ့ အခုလိုအိမ်ရာပြပွဲကို အသင်းဖွဲ့စည်းပြီး ပထမဆုံးအကြိမ်အဖြစ်ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။ 

 

 

Related News