မြန်မာ့ကားဈေးကွက်မှာ ကားစလစ်လိုအပ်ချက်နည်းနေပေမယ့် လက်ရှိချိန်မှာတော့ စလစ်ဈေးကျပ်သိန်း (၁၃၀) ၀န်းကျင်ရှိနေပြီး  ဈေးအတက် ဘက်ရောက်နေတယ်လို့ ကာဈေးကွက်ကသိရပါတယ်။လက်ရှိမှာ ပြည်တွင်းထုတ်(Brand News)တွေကလွဲလို့ ပြည်ပက တင်သွင်းတဲ့ကားတွေအတွက် ရန်ကုန် လိုင်စင်ထုတ်ပေးမှုကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။ ဒီနှစ်(၂၀၁၉)ခုနှစ် ကားတင်သွင်းခွင့်မှုဝါဒကြောင့် ပြည်ပကနေ ကားတင်းသွင်းမှုနည်းပါးတာနဲ့ ကျန်ရှိနေသေးတဲ့အပ်ကုန်စနစ်(ကွန်ဆိုင်းမန့်)ကားတွေအတွက် သာ စလစ်လိုအပ်ချက်ရှိနေပြီး ဒီကားတွေဟာလည်း ဈေးကွက်မှာ နည်းပါးနေပြီဖြစ်လို့ စလစ်လိုအပ်ချက် နည်းသွားတာလို့လည်း သိရပါတယ်။ ကားစလစ်လိုအပ်ချက်နည်းနေပေမယ့် ဈေးကတော့ ဒီလပိုင်းတွေအတွင်း ဈေးအတက်ဘက်ရောက်နေတယ်လို့ သိရပါတယ်။ အခုဧပြီလ(၂၂)ရက်မှာ ကားစလစ်ဈေးဟာ  စလစ်ကားက ကျပ်သိန်း(၁၂၇)သိန်းဝန်းကျင်ရှိနေပြီး အမည်ပေါက်စလစ်ဈေးကတော့ ကျပ်သိန်း(၁၃၀)ကျော်ရှိနေတယ်လို့ ကားရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။

(၂၀၁၉)နှစ်စကနေ ခုမတ်လ လ၀က်ထိ မြန်မာ့ကားဈေးကွက်မှာ ကားစလစ်ဈေးဟာ ကျပ်သိန်း(၁၂၀) ကနေ (၁၂၅)သိန်းကြားမှာ သာရှိနေပြီး ဈေးငြိမ်ခဲ့တယ်လို့ ကားဈေးကွက်မှ သိရပါတယ်။ အဲဒီနောက်ပိုင်း ဈေးတဖြည်းဖြည်း ဆေးပြန်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ကားစလစ်ဈေးဟာ (၂၀၁၈)ခုနှစ်ဒီဇင်ဘာလအတွင်း ကျပ်သိန်း(၁၂၀)၀န်းကျင်ကနေ ကျပ်သိန်း(၁၃၀)၀န်းကျင် အတွင်းမှာ ဈေးအတက်အကျ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ (၂၀၁၉)ခုနှစ် နှစ်စပိုင်းမှာတော့ ဈေးအနည်းငယ် ဈေးပြန်လည်ကျဆင်းခဲ့ကာ ကျပ်သိန်း(၁၂၀)ကနေ (၁၂၅)သိန်းကြားမှာသာရှိနေပြီး  မတ်လ လ၀က် လောက်ထိ  ဒီဈေးနဲ့ ဈေးငြိမ်နေခဲ့တယ်လို့လည်း သိရပါတယ်။ ကားစလစ်အရောင်းအ၀ယ်တွေ အနေနဲ့လည် လှုပ်လှုပ်ရှားရှား သိပ်မရှိတော့ဘဲ ယခင်နှစ်တွေက အပ်ကုန်စနစ်တွေနဲ့ ပြည်တွင်းကို တင်သွင်းထားပြီးသား ကားတွေအတွက်သာ ၀ယ်ယူနေကြတာများပြီး လက်ရှိဈေးကွက်မှာ  ကားစလစ်တွေ လိုအပ်သလောက် ၀ယ်ယူလို့မရတော့လို့ ရှားပါးစပြုနေပြီလို့လည်းသိရပါတယ်။

 

 

Related News