ဆန်စပါးကုန်စည်ဒိုင် ၀ါးတန်းလမ်းမှာ သင်္ကြန်မတိုင်ခင်က ဆန်ဈေးနှုန်းတွေကျခဲ့ပြီး ယခုသင်္ကြန်အပြီးကာလတွေမှာတော့ ဆန်တစ်အိတ်ကို  ငွေကျပ်ငါးရာကနေ တစ်ထောင်အထိမြင့်တက်နေတယ်လို့ သိရပါတယ်။ဆန်ဈေးနှုန်းတွေဟာ သင်္ကြန်အပြီးမှာ ငွေကျပ်ငါးရာကနေ တစ်ထောင်ထိဈေးနှုန်းမြင့်တက်သွားပါတယ်။ အရောင်းအ၀ယ်ကတော့ သင်္ကြန်အပြီးမှာ ပုံမှန်အတိုင်းလည်ပတ်နေပတ်တယ်လို့ သိရပါတယ်။ စပါးသစ်ပေါ်လာတဲ့အတွက် ဆန်ဈေးနှုန်းတွေ ထပ်တက်သွားမှာမဟုတ်ဘဲ ဈေးနှုန်းပြန်လဲကျဆင်းနိုင်တယ်လို့လဲ ဆန်စပါးကုန်စည်ဒိုင် ၀ါးတန်းလမ်းမှ ဥက္ကဋ္ဌဦးခင်မောင်ဝင်းကပြောပါတယ်။ဆန်ဈေးနှုန်တွေတက်နေတာကြောင့် လက်ကားဈေးကွက်မှာ အရောင်းအ၀ယ်ကတော့ ပုံမှန်အတိုင်းသာ လည်ပတ်နေ တယ်လို့ သိရပါတယ်။ သင်္ကြန်မတိုင်ခင်ကတည်းက အရောင်းအ၀ယ်အေးနေပြီး သင်္ကြန်အပြီးမှာ စပါးသစ်လည်း ပေါ်နေတာကြောင့် အရောင်းအ၀ယ်သွက်ဖို့ စောင့်ကြည့်ရမယ်လို့ ဆန်အကျိုးတော်ဆောင်တွေဖြစ်တဲ့ ဒေါ်လှမြင့်နဲ့ ကိုဇော်ဝင်းခိုင်က အခုလိုပြောပါတယ်။ဒီကနေ့ ဆန်ဈေးနှုန်းတွေအနေနဲ့ မြောင်းမြပေါ်ဆန်းတစ်အိတ်ကို လေးသောင်းခွဲဝန်းကျင် ဒေးဒရဲ ဖျာပုံပေါ်ဆန်းတစ်အိတ်ကို လေးသောင်းဝန်းကျင် ဘိုကလေးပေါ်ဆန်းတစ်အိတ်ကို  သုံးသောင်းရှစ်ထောင်ဝန်းကျင်နဲ့ ရက်ကိုးဆယ်ဆန်တစ်အိတ် ကိုတော့ နှစ်သောင်းဝန်းကျင်ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

 

 

Related News