ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က ဆန်ကြမ်းဈေး တစ်အိတ်ကိုငွေကျပ်(၁၀၀၀)၀န်းကျင် ဈေးတက်ခဲ့ပေမယ့် လက်ရှိမှာတော့ ဈေးပြန်ကျလာတယ်လို့ ဘုရင်နောင်ဆန်ကုန်စည်ဒိုင်က သိရပါတယ်။ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှာ (၂၅)မတ်ဆန်တစ်အိတ်ကို ငွေကျပ် (၁၇၅၀၀)မှ (၁၈၅၀၀)၊ ရတနာတိုး ဆန်လုံးရှည် ဆန်တစ်အိတ်ကို ငွေကျပ်(၁၉၀၀၀)မှ (၂၀၀၀၀)၊ ရက် (၉၀)ဆန်တစ်အိတ်ကို ငွေကျပ်(၂၁၅၀၀)ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ ဒီဈေးဟာ ပြီးခဲ့တဲ့နှစ်ပတ်ခန့်က တက်ခဲ့တဲ့ဈေးထက်ပြန်လည်ကျဆင်းလာတာဖြစ်ပြီး ပုံမှန်ဈေးကို ပြန်လည်ရောက်ရှိခဲ့တာလို့သိရပါတယ်။ ပြည်ပဆန်တင်ပို့မှုအနေနဲ့ ပင်လယ်ရေကြောင်းမှ ၀ယ်လိုအားများ ခဲ့တာကြောင့် ဈေးတက်ခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ မတ္တရာ၊ ပွင့်ဖြူ၊ ရွှေဘိုစတဲ့ မြို့နယ်တွေက ဆန်တွေထပ်မံထွက်ရှိလာလို့ ဆန်အ၀င်ပြန်များလာပြီး ဈေးပြန်ကျသွားတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဘုရင့်နောင်ကုန်စည်ဒိုင်ကို ဆန်သားကောင်းတဲ့ ဆန်သား (၈၀)(၈၅)ဆန်တွေက အ၀င်များတယ်လို့ သိရပါတယ်။ ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပပို့ဆောင်မှု တစ်မျိုးသာ ရှိတာကြောင့် အရည်အသွေးကောင်းတဲ့ ဆန်တွေကိုသာ ရွေးချယ်ဝယ်ယူကြတာဖြစ်ပါတယ်။ ၀ယ်ယူရာမှာလည်း ၀ယ်ယူပြီးရင် တန်းမြင့်ဆန်အဖြစ်ရောက်ရှိအောင် အရောင်တင်တာ၊ အရည်အသွေးမြင့်တာတွေကို လုပ်ဆောင်ပြီးမှ သာ တင်ပို့ရတယ်လို့ သိရပါတယ်။လက်ရှိမှာတော့ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးကထွက်ရှိတဲ့ နွေစပါးတွေ အ၀င်နည်းသွားပြီဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News