IBIM Myanmar ကဦးစီးပြီး ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံငွေကြေးနှင့်ဘဏ္ဍာရေးဆိုင်ရာမူဝါဒများနဲ့ စီးပွာရေးဆိုင်ရာအခွင့်အလမ်းဆွေးနွေးပွဲကို ဇူလိုင်လ(၁၈)ရက်က ရန်ကုန်စတော့အိတ်ချိန်းမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။သော်တာဝင်းကတင်ဆက်ပေးပါမယ်။လက်ရှိမှာ စီးပွာရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ကိုင်လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီလုပ်ကိုင်နိုင်ရန်၊ လေ့လာပြင်ဆင်ခြင်းတွေ ပြုလုပ်နိုင်ရန် စတာတွေကိုသိရှိစေဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာတော့ ပြည်တွင်းရဲ့ ဘဏ္ဍာရေးလုပ်ငန်းများ၊အာမခံလုပ်ငန်းများ၊ဘဏ္ဍာရေးဆိုင်ရာအကြံပေးခြင်းလုပ်ငန်းများ၊အရင်းအနှီးဈေးကွက်နှင့် ဆက်စပ်လုပ်ငန်းများ၊ မြေယာလုပ်ငန်းများ၊ Mobile Money နဲ့ပတ်သက်တဲ့ လုပ်ငန်းများ စတာတွေကို ပြည်တွင်း/ပြည်ပမှ စီးပွာရေးလုပ်ငန်းရှင် ကြီးတွေက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အခုပြုလုပ်ခဲ့တဲ့ ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံငွေကြေးနှင့်ဘဏ္ဍာရေးဆိုင်ရာမူဝါဒများနဲ့ စီးပွာရေးဆိုင်ရာအခွင့်အလမ်းဆွေးနွေးပွဲကို ပြည်တွင်း/ပြည်ပမှ စီးပွာရေးလုပ်ငန်းရှင်ကြီးများ၊သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များ၊ ဘဏ်နှင့်ငွေကြေးဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

 

 

Related News