မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်နဲ့ ရန်ကုန်တက္ကသိုလ် တို့ပူးပေါင်းကျင်းပတဲ့ ဂျူဒိုသင်တန်းဆင်းပွဲကို သြဂုတ်လ (31) ရက် က ရန်ကုန်တက္ကသိုလ် မှာရှိတဲ့ အပန်းဖြေရိပ်သာခန်းမမှာ  ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဂျူဒိုသင်တန်းကို ဇူလိုင်လ (၁၀) ရက်နေ့ကနေ သြဂုတ်လ (၂၉) ရက်နေ့အထိ ရန်ကုန်တက္ကသိုလ်မှာ အခြေခံ နည်းစနစ်တွေကိုသင်ကြားပေးခဲ့တာဖြစ်ပါတယ်။

အခုလို ရန်ကုန်တက္ကသိုလ်မှာ ဂျူဒိုသင်တန်းကိုဖွင့်လှစ်တာက ကျောင်းသား၊ ကျောင်းသူတွေ အားကစားကိုစိတ်ဝင်စားလာပြီး မျိုးဆက်သစ်လူငယ်တွေပေါ်ထွက်လာဖို့ အတွက်ရည်ရွယ်ပြီး ဖွင့်လှစ်ပေးတာဖြစ်ပါတယ်။ဂျူဒိုသင်တန်းဆင်းပွဲမှာ ရန်ကုန်တက္ကသိုလ်အကအဖွဲ့က ဖျော်ဖြေတင်ဆက်ခြင်းနဲ့ ရန်ကုန်ဂျူဒိုကလပ်အသင်း က သရုပ်ပြသခြင်းတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် အခုသင်တန်းဆင်းလက်မှတ်ပေးအပ်တာက အခြေခံ အဆင့်ဂျူဒို အားကစားနည်းဖြစ်ပြီး နိုင်ငံလက်ရွေးစင် ဖြစ်တဲ့အထိသင်ကြားပေးမယ်လို့သိရပါတယ်။ ဂျူဒို သင်တန်းကို ရန်ကုန်တက္ကသိုလ်အပြင် ၊ ဒဂုံတက္ကသိုလ် ၊ ဆေးတက္ကသိုလ်(၁)၊ ဆေးတက္ကသိုလ်(၂) အစရှိတဲ့ ကျောင်းတွေမှာလည်း ဂျူဒိုအားကစားနည်းကို သင်ကြားပေးနေတာဖြစ်ပါတယ်။သင်တန်းဆင်းပွဲကိုမြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်တက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ အစရှိတဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ပြီး သင်တန်းဆင်လက်မှတ် ပေးအပ်ခဲ့ပါတယ်။

 

 

 

 

Related News