မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက်  ဘဏ်လုပ်ငန်းနှင့် ပညာရေးမဟာဘွဲ့ (MBF) နှင့် ဖွံ့ဖြိုးမှုမဟာဘွဲ့ (MDevS) သင်တန်းတွေကို နေပြည်တော်မှာဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ဘဏ်လုပ်ငန်းနှင့် ပညာရေးမဟာဘွဲ့(MBF)၊ ဖွံ့ဖြိုးမှုမဟာဘွဲ့ (MDevS)သင်တန်းတွေကို ဇန်န၀ါရီလ ၁၃ ရက်ကစတင်ပြီး နေပြည်တော်မှာရှိတဲ့ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းမှာ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ ဘဏ်လုပ်ငန်းနှင့် ပညာရေးမဟာဘွဲ့ (MBF)ကိုသင်တန်းသားသင်တန်းသူ (၆၂)ဦးနဲ့ ဖွံ့ဖြိုးမှုမဟာဘွဲ့ (MDevS) သင်တန်းကိုတော့ သင်တန်းသားသင်တန်းသူ (၉၂) ဦးတက်ရောက်သင်ကြားသွားမှာ ဖြစ်ပြီး သင်တန်းကာလ (၂)နှစ်သင်ကြားသွားမယ်လို့ သိရပါတယ်။

ယခုဖွင့်လှစ်တဲ့ သင်တန်းတွေကို မြန်မာနိုင်ငံမှာ လက်ရှိလိုအပ်နေတဲ့ ဘဏ်လုပ်ငန်းကဏ္ဍတွေမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ပေါ်ပေါက်လာဖို့နဲ့ နယ်ပယ်အသီးသီးမှာ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ ဆောက်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ဖွင့်လှစ်တာဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းတွေဟာ လက်ရှိကာလတွေမှာ ဆန်းသစ်တီထွင်မှုတွေနဲ့အတူ လုပ်ဆောင်ရမှာဖြစ်ပြီး  ဒီလိုဆန်းသစ်တီထွင်မှုတွေ လုပ်ဆောင်တဲ့အခါမှာ စီမံခန့်ခွဲမှုကိစ္စရပ်တွေ ၊ မိမိလုပ်မယ့် လုပ်ငန်းရပ်တွေမှာ လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ဖို့၊ ဆုံးရှုံးမှုအနည်းဆုံးနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တယ်လို့ ဒီသင်တန်းကို တက်ရောက်နေတဲ့ သင်တန်းသူတစ်ဦးကလည်း အခုလိုပြောပါတယ်။ဘဏ်လုပ်ငန်းနှင့် ပညာရေးမဟာဘွဲ့(MBF)၊ ဖွံ့ဖြိုးမှုမဟာဘွဲ့ (MDevS) သင်တန်းတွေကို နေပြည်တော်မှာ ပထမဆုံးအကြိမ် ဖွင့်လှစ်တာ ဖြစ်တယ်လို့ သိရပါတယ်။ဒီ (MBF)နှင့် (MDevS) သင်တန်းဖွင့်ပွဲကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။

 

 

Related News