Kaplan(ကယ်ပလန်) Myanmar University ၊ Teessdie (တီးဆိုက်) University နဲ့ မြန်မာ့ စွန့်ဦး တီထွင်သူများအသင်းတို့ ပူးပေါင်းပြီး ပြည်တွင်းမှာရှိတဲ့ ကျောင်းသားကျောင်းသူများအတွက် နိုင်ငံတကာအဆင့် ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်များအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးမှုကို  ဇန်န၀ါရီလ(၁၇)ရက်က ရန်ကုန်မြို့ ပြည်လမ်း Kaplan Myanmar University College မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဆိုပါ နားလည်မှုစာချွန်လွှာကိုတော့ ပြည်တွင်းမှာ အရည်အသွေးရှိတဲ့ ပညာရေးကို ဖြန့်ဝေပေးခြင်း၊ နိုင်ငံတကာပညာရေးကို ပြည်တွင်းမှာ လေ့လာနိုင်ဖို့ အခွင့်အရေးများရရှိခြင်း၊ဒီပညာရေးမှ တဆင့် ဘွဲ့ရကျောင်းသားတွေအတွက် အနာဂတ်အလုပ်အကိုင်အခွင့် အလမ်းတွေရရှိစေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးမှုကြောင့် ၊ Teessdie (တီးဆိုက်) University မှာ သင်ကြားနေတဲ့ စီမံခန့်ခွဲမှုအင်ဂျင်နီယာမဟာဘွဲ့ ၊ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့၊ စီးပွားရေးနဲ့ လူ့စွမ်းအားအရင်း အမြစ်စီမံခန့်ခွဲမှု၊ စီးပွားရေးဆိုင်ရာနိုင်ငံတကာ စီမံခန့်ခွဲမှုပညာ၊ စာရင်းအင်း၊ ဈေးကွက်တည် ဆောက်ခြင်း၊ ဆိုက်ဘာလုံခြုံမှု၊ စီမံကိန်း စီမံခန့်ခွဲမှု စတာတွေအပြင် ကွန်ပျူတာနည်းပညာ၊ ကွန်ပျူတာနဲ့ဒစ်ဂျစ်တယ်စည်းမျဉ်းဥပဒေများ၊ ကွန်ပျူတာဂိမ်းဒီဇိုင်းပညာ၊ ကွန်ပျူတာဂိမ်းပရိုဂရမ်ရေးဆွဲခြင်း ပညာရပ်ဆိုင်ရာဘွဲ့ များ ၊စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။Kaplan Myanmar University  College  ကို (၂၀၁၇)ခုနှစ် မှာ ရန်ကုန်မြို့မှာ စတင်ဖွင့်လှစ်သင်ကြား ပေးခဲ့တာဖြစ်ပြီး မြန်မာကျောင်းသား/ကျောင်းသူတွေအတွက် ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာ တစ်သိန်းခွဲတန်ဖိုးရှိ ပညာသင်ဆုကိုလည်း (၂၀၁၉)ခုနှစ်ပညာသင်နှစ်အတွက် ပေးအပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

 

 

Related News