မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြိမ် မီးအလှဆင်ပွဲတော် Myanmar International Lighting Festivalူ ကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်ဝင်းအတွင်းမှာ မတ်လ (၁၉) ရက်ကစတင် ကျင်းပနေ ပါတယ်။ Myanmar International Lighting Festival ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ခွင့်ပြုချက်နဲ့ DN Development Group  ကဦးစီးကျင်းပတာပါ။ဒီပွဲတော်မှာ LED လျှပ်စစ်မီးအလုံးပေါင်း သန်း (၇၀)ကျော်နဲ့ ဖူဂျီတောင်၊ ကာတွန်းဇာတ်ကောင်တွေ၊ ပန်းအလှတွေအစရှိတဲ့ မီးအလှဆင်ပြကွက်ပေါင်း (၆၀) ကျော်ကို အလှဆင် ပြသသွားမှာပါ။

Myanmar International Lighting Festival ပွဲတော်ကို ညနေ (၅) နာရီကနေ ည (၁၀) နာရီအထိဖွင့်လှစ်ပြသသွားမှာပါ။ ၀င်ကြေးအနေနဲ့တော့ တစ်ဦးကို (၃၀၀၀)ကျပ်သတ်မှတ်ထားပြီး ကျောင်းသား၊ကျောင်းသူတွေအတွက်ကို (၁၅၀၀)ကျပ်သတ်မှတ်ပေးထားပါတယ်။ ပွဲတော်ရဲ့ ပထမရက်မှာ ပဲလာရောက်ကြည့်ရှုသူ ရာဂဏန်းခန့်ရှိခဲ့ပြီး ပြည်သူတွေရဲ့စိတ်ဝင်စားမှုရရှိခဲ့တယ်လို့ သိရပါတယ်။အခုပွဲတော်ကို (၂၀၁၇)ခုနှစ်အတွင်း ရန်ကုန်မြို့အပြင် အခြားမြို့ကြီး (၃)မြို့မှာပါ ထပ်မံကျင်းပသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်မှာတော့ မတ်၁၉ရက်နေ့ကနေ ဧပြီ ၃၀ ရက်နေ့ထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ 

 

Related News