စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းသင်္ကြန်ကို ဧပြီလ(၁၁)ရက်မှ ၁၇ ရက်အထိ မုံရွာမြို့ ချင်းတွင်းမြစ် ကမ်းနံဘေး သဲသောင်ပြင်ပေါ်မှာ ပထမဆုံးအကြိမ် ကျင်းပသွားမှာဖြစ်ပြီး ချင်းတွင်းသင်္ကြန်မှာ အများပြည်သူ ပျော်ရွင်စွာဆင်နွဲနိုင်ဖို့ ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်။ချင်းတွင်းသင်္ကြန်ကိုစစ်ကိုင်းတိုင်းဒသကြီး အစိုးရအဖွဲ့ကကြီးမှူးပြီး ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းဖို့၊ ဒေသယဉ်ကျေးမှုတွေကို ပြသဖို့၊ဒေသထွက်ကုန်တွေနဲ့ ခရီးသွားလုပ်ငန်း ကဏ္ဍအောင်မြင်ဖို့နဲ့စစ်ကိုင်းတိုင်းဒေသကြီးကို သိစေချင်တဲ့အတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ချင်းတွင်းသင်္ကြန်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ်သိန်း (၂၀၀၀)ကျော်ကုန်ကျခံသုံးစွဲရန် လျာထားပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ချင်းတွင်းသင်္ကြန် ကျင်းပတာနဲ့ ပတ်သတ်ပြီးစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင် သာယာရေး ၀န်ကြီးက အခုလိုပြောပါတယ်။ ချင်းတွင်းသင်္ကြန်ကိုဇုန်၎ခုခွဲကာကျင်းပပေးဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ ဒီဇုန်တွေမှာ ရိုးရာယဉ်ကျေးမှုဆိုင်များ၊ ဒေသထွက်ကုန်၊ ဒေသအစားအစာ၊ တိုင်းရင်းသားအစားအစာ၊ စတုဒီသာ မဏ္ဍပ်တွေအပြင် လုပ်ငန်းများကဏ္ဍနဲ့ အခြားပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်တွေ ပါဝင်ပါမယ်လို့သိရပါတယ်။
 
ချင်းတွင်းသင်္ကြန်မှာ ဒေသဆိုင်ရာ ယာဉ်ကျေးမှုအကအဖွဲ့တွေနဲ့ ချင်း၊ ကချင်၊ ကဒူး၊ ကနန်း၊ နာဂနဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ လေ့လာခွင့်ရဖို့ စီစဉ် ထားတယ်လို့သိရပါတယ်။ ဒါ့အပြင် လာရောက်လည်ပတ်သူတွေပျော်ရွင်စွာ ရေကစားနိုင်မယ့် နေရာ၊ ကလေးကစားကွင်း၊ ရေလွှာလျောစီးနဲ့ ကမ်းစမ်မှာရေကစားနိုင်ဖို့ကိုလည်း စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။ လာရောက်လည်ပတ် သူတွေအရိပ်ရရှိဖို့၊အနားယူအပန်းဖြေနိုင်ဖို့အတွက် ၀ါး၊ထန်းလက်တွေနဲ့အနားယူနေရာတွေကိုဆောက်လုပ်ပေးနေပါပြီ။
 
အများပြည်သူကျန်းမာရေးအတွက် လည်းကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေထားပေးသွားမယ်လို့သိရပါတယ်။ ချင်းတွင်းသင်္ကြန်မှာ ထူးခြားမှုအနေနဲ့ သဲပန်းပုရုပ်တု တွေလည်းထုလုပ် ပြသပေးသွားမှာ လည်း ဖြစ်ပါတယ်။ သဲပန်းပုတွေကို စင်္ကာပူနိုင်ငံသား သဲပန်းပုပညာရှင်နဲ့ ရန်ကုန်၊ မန္တလေးမှာရှိတဲ့ ဆရာတွေ၊ ကျောင်းသား ကျောင်းသူတွေက ထုလုပ် ပြသပေးမှာဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံသား သဲပန်းပု ပညာရှင် ကလည်း ချင်းတွင်းသင်္ကြန်မှ ပြသသွားမယ့် သဲပန်းပုလက်ရာကို ပြင်ဆင် နေပါတယ်။ သူက ၃ီ သဲပန်းပု ချန်ပီယံဆု ၁၀ ခုကျော်ကို ရရှိထားသူလည်းဖြစ်ပါတယ်။
 
အခုလို မြန်မာနိုင်ငံ ချင်းတွင်းသင်္ကြန် ပွဲတော်မှာ သဲပန်းပု ပါဝင် ထုလုပ်ရတာနဲ့ ပတ်သတ်လို့ သဲပန်းပု ပညာရှင်တွေကလည်း အခုလိုပြောပြကြပါတယ်။ချင်းတွင်းသင်္ကြန်မှာ အများပြည်သူ လုံခြုံစိတ်ချစွာပျော်ရွှင်နိုင်ဖို့ ရဲအင်အား၊ မီးသတ်အင်အား၊ အပြင် လူငယ်အဖွဲ့အစည်းတွေက လုံခြုံရေး ကိုဆောင်ရွက်ပေးမှာဖြစ်ပြီး ကန့်သတ်နယ်မြေတွေကို လည်းစောင့်ကြပ်ပေးသွားမှာပါ။ပွဲတော်ကာလအတွင်းလူထု၊ စည်ပင်နဲ့အဖွဲ့အစည်းက အမှိုက်ကောက်လှုပ်ရှားမှုကိုလည်းပြုလုပ်သွားမှာဖြစ်ပါတယ်။ချင်းတွင်းသင်္ကြန်နောက်ဆုံးနေ့ နှစ်ဆန်း၁ရက်နေ့မှာဆိုရင် မြန်မာ ရိုးရာ အစဉ်အလာများနဲ့အညီကောင်းမှု ကုသိုလ်ပြုလုပ်ခြင်း၊ သတ်လွှတ်ပွဲပြုလုပ်ခြင်း၊သက်ကြီးဘိုးဘွားများပြုစုစောင့်ရှောက်ခြင်းတွေကိုပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။
 
 
 
 

Related News