ရွှေမင်းသားဖောင်ဒေးရှင်း(၁၀)နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ(၂၈)ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ရွှေမင်းသားဖောင်ဒေးရှင်း (၁၀)နှစ်ပြည့်အခမ်းအနားမှာတော့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းမှ မသန်စွမ်းသူတွေအတွက် လိုအပ်နေတဲ့ အခွင့်အရေးတွေကို ပြောကြားခဲ့ပါတယ်။ ရွှေမင်းသားဖောင်ဒေးရှင်းကို မေလ(၈)ရက် ၂၀၀၈ ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေ၊ မသန်စွမ်းတွေအတွက် လိုအပ်နေတဲ့ ပညာရေး၊အလုပ်ကိုင်တွေနဲ့ မသန်စွမ်းတွေကို ပတ်ဝန်းကျင်မှာ ခွဲခြားဆက်ဆံနေမှု လျော့ကျနိုင်စေရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်အခမ်းအနားမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ၊ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခွန်တီမြတ်၊ တပ်မတော်ကာကွယ်ရေးဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တို့ကပေးပို့တဲ့ သ၀ဏ်လွှာအသီးသီးကို ဖတ်ကြားခဲ့ပါတယ်။အဆိုပါ  အခမ်းအနားမှာ (၂၀၁၈-၂၀၁၉) ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး အဖြစ် တတိယတန်းတက်ရောက်နေတဲ့ မသန်စွမ်း ကျောင်းသူတစ်ဦးကိုလည်း ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီး ကိုယ်အင်္ဂါမသန်စွမ်းသူ၊အမြင်အာရုံမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူတွေနဲ့  အော်တစ်ဆင်ကလေးတွေက ရဲ့အနုပညာဖျော်ဖြေမှုတွေပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး ပြည်နယ်အသီးသီးက မသန်စွမ်းသူဦးရေ(၂၀၀)ကျော်တက်ရောက်ခဲ့ပါတယ်။

 

 

Related News