UBM Asia က ဦးစီးကျင်းပမယ့် စက်မှုနဲ့အခြေခံအဆောက်အအုံဆိုင်ရာ ပြပွဲ ကိုအောက်တိုဘာလ (၁၁)ရက်မှ (၁၃)ရက် အထိ ကျင်းပသွားမှာဖြစ်တယ်လို့ စက်တင်ဘာလ (၁၈)ရက်က UMFCCI မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။အခု ပြုလုပ်မယ့် စက်မှုနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ ပြပွဲမှာ အဆောက်အအုံနဲ့ ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ သတ္တုတူးဖော်ရေး၊ သဘာဝတွင်းထွက်တူးဖော်ရေး နဲ့ပတ်သက်တဲ့ပြပွဲ၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ၊နိုင်ငံတကာ ရေအသုံးချရေးနဲ့ထောက်ပံ့ရေး၊ ရေအရင်းအမြစ်၊ စက်ရုံသုံးစွန့်ပစ်ရေးထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ပြပွဲတွေအပါအ၀င် ပြပွဲ(၆)ပွဲကို တစ်နေရာတည်းမှာ တစ်စုတစည်းတည်း ပြသမှာ ဖြစ်တယ်လို့သိရပါတယ်။

ပြပွဲကြီး (၆)ခုကို တစ်စုတစ်စည်းတည်း ပြသတာကြောင့်  စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် တစ်နေရာတည်းမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ပြပွဲမှာမြန်မာနိုင်ငံအပါအ၀င် တရုတ်၊စင်္ကာပူ၊မလေးရှား၊ထိုင်း၊ထိုင်ဝမ်၊အိန္ဒိယ၊ကိုးရီးယားနဲ့ ဂျပန်နိုင်ငံ စတဲ့နိုင်ငံပေါင်း (၂၃)နိုင်ငံက ကုမ္ပဏီ ပေါင်း (၃၅၀)ကျော်က ပါဝင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီပြပွဲကို လာမယ့် အောက်တိုဘာလ (၁၁)ရက်မှ  (၁၃)ရက် အထိ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းမှာ ရှိတဲ့ Yangon Convention Centre (YCC) မှာ  ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News