တိုင်းရင်းသား ရိုးရာအက  ၊ အလှ  ၊  တေးဂီတ  အစားအသောက်ပွဲတော်ကို ရန်ကုန်မြို့   ၊ ပြည်သူ့ရင်ပြင်မှာ မတ်လ(၂၀)ရက်ကနေ(၂၄)ရက်အထိ  (၅)ရက်ကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ပွဲတော်ရက်အတွင်းမှာ လာရောက်လည်ပတ်သူ (၁)သိန်းခွဲခန့်ရှိခဲ့တယ်လို့သိရပါတယ်။ တိုင်းရင်းသား ရိုးရာအက၊ အလှ၊  တေးဂီတ  အစားအသောက်ပွဲတော်ကိုတော့ Sanchaung Food Townက ဦးစ်ီးကျင်းပပြုလုပ်တာဖြစ်ပြီး မြန်မာတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုကိုနှစ်သက်စေရန် ၊  ယဉ်ကျေးမှုကို မပျောက်ပျက်စေရန် နဲ့ မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ်ရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။တိုင်းရင်းသား ရိုးရာအက  ၊ အလှ  ၊  တေးဂီတ  အစား အသောက် ပွဲတော်မှာတော့ တိုင်းရင်းသား ရိုးရာအကများနဲ့ကပြဖျော်ဖြေခဲ့သလို တိုင်းရင်းသားရိုးရာအစားအသောက်တွေပါ ရောင်းချခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ပျော်ရွင်စရာဂိမ်းအစီအစဉ်တွေ၊ ကံစမ်းမဲအစီအစဉ်တွေလည်း ပါဝင်တယ်လို့သိရပါတယ်။စမ်းချောင်း Food Town အနေနဲ့  အိုးပုတ်ပွဲတော် ၊ ရုပ်သေးပွဲတော် ၊ စဉ့်အိုးစဉ့်ထည်ပုဂံဆီမီးပွဲတော် ၊ လက်မှုပညာပြပွဲတော် ၊၊ သနပ်ခါးပွဲတော်၊ တိုင်းရင်းသား ရိုးရာအက  ၊ အလှ  ၊  တေးဂီတ  အစားအသောက်ပွဲတော် စတဲ့ ပွဲတော်တွေကိုပြုလုပ်ခဲ့သလို   လာမယ့် ဧပြီလအတွင်းမှာလည်း တိုင်းရင်းသားရိုးရာညဈေးကို ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

 

Related News