Squares Art Project က ဦးစီးကျင်းပပြုလုပ်တဲ့ ပန်းချီဆရာမ မြတ်ပန်းနွယ်ရဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲကို ဇူလိုင်လ(၁၇)ရက်ကနေ(၁၉)ရက်အထိ (၃)ရက်ကြာရန်ကုန်မြို့ရှိ ဗိုလ်အောင်ကျော် Art Gallery မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ပြပွဲမှာတော့ လူပုံများနဲ့ ဒြပ်မဲ့ပန်းချီကားတွေကိုပြသထားတာဖြစ်ပြီး အခရိုင်းလစ်တစ်မျိုးထဲနဲ့သာရေးဆွဲထားတာဖြစ်ပါတယ်။

အခုပြသနေတဲ့ ပန်းချီပြပွဲမှာတော့  (၂)ပေပတ်လည် ပန်းချီကား(၄၇)ကားနဲ့ (၁)ပေပတ်လည် ပန်းချီကား(၂၂)ကားကို ပြသထားတာဖြစ်ပြီး (၂)ပေပတ်လည်ပန်းချီ ကားတွေကိုတော့ အမေရိကန်ဒေါ်လာ(၁၅၀) ၊ (၁)ပေပတ်လည် ပန်းချီကားတွေကိုတော့ အမေရိကန်ဒေါ်လာ(၇၅)သတ်မှတ်ရောင်းချနေတာဖြစ်ပါတယ်။အခုပြသနေတဲ့ ပန်းချီပြပွဲမှာ ပန်းချီဆရာမ မြတ်ပန်းနွယ်ရဲ့  ပထမဆုံးတစ်ကိုယ်တော် ပန်းချီပြပွဲဖြစ်တယ်လို့သိရပြီး လာမယ့် သြဂုတ်လအတွင်းမှာလည်း ကလောမြို့မှာ တစ်ကိုယ်တော်ပန်းချီပြပွဲ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

 

 

Related News