၃ လသားအရွယ် ယောင်္ကျာလေးတစ်ဦးရဲ့ဗိုက်ထဲမှာ ၃ မွှာပူး သန္ဓေသားတွေလွယ်ထားရတာကို တွေ့ရှိခဲ့ရပြီး ဒါကို နေပြည်တော် ကုတင် ၁ ထောင် ဆေးရုံကြီးမှာ အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အခုလို ကလေးငယ်ဗိုက်ထဲသနေ်္ဓသားတည်တဲ့ဖြစ်စဉ်ဟာ လူ ၅ သိန်းမှာ တစ်ယောက်သာဖြစ် လေ့ရှိပြီး ဒီကနေ့အထိကမာ်္ဘတစ်ခုလုံးမှာ ဒီလိုဖြစ်ရပ်မျိုးဟာ ၇၀၀ ၀န်းကျင်ဖြစ်ထားတယ်လို့ ခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာနော်မာသေး ပြောပြပါတယ်။ ကလေးငယ်ရဲ့ မိခင်ဖြစ်တဲ့ မသန်းသန်းဦးဟာ နေပြည်တော် ပျဉ်းမနားမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ကလေးငယ်ရဲ့ ဗိုက်ထဲမှာခုလိုသန္ဓေသားတွေ ရှိနေတယ်ဆိုတာကိုတော့ ကလေးကိုမွေးပြီး ၂ လနီးပါးအကြာမှာ သိရတယ်လို့ ပြောပါတယ်။ဒီလိုဖြစ်ဖြစ်ချင်း မန္တလေးကုတင် ၅၅၀ ဆေးရုံမှာလည်း ပြသခဲ့ပြီး ခွဲစိတ်ဖို့အတွက်ကိုလည်း ရက်ချိန်းရယူခဲ့ပါသေးတယ်။ ပျဉ်းမနားကို ပြန်လည်ရောက်ရှိ လာချိန်မှာ ကလေးရဲ့ ဗိုက်က ပိုဖောင်းလာတဲ့အတွက်ကြောင့် ကုတင် ၁၀၀၀ ဆေးရုံကို လာရောက်ပြသရာမှာတော့ ဒီဇင်ဘာ ၁၉ ရက်မနက်မှာ ဗိုက်ထဲက သန္ဓေသားတွေကို ဆရာမကြီး ဒေါက်တာနော်မာသေးအနေနဲ့လည်း အခုဖြစ်ရပ်ဟာ သူမအတွက် ဒုတိယမြောက် ဖြစ်ရပ်ဖြစ်ပြီး၂၀၁၁ တုန်းကလည်း ၂ နှစ်သားအရွယ်ကလေးတစ်ယောက်ကို ခွဲပေးခဲ့ဖူးတယ်လို့ သိရပါတယ်။

Related News