Unilever EAC Myanmar ရဲ့ဆစ်ဂနယ်သွားတိုက်ဆေးက ဦးစီးပြီး သွားနဲ့ခံတွင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို သြဂုတ်လ(၁၇)ရက်က ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။ သွားနဲ့ခံတွင်းကျန်းမာရေးအသိပညာပေးခြင်းနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဂရင်းနစ်စံချိန်တင်နိုင်စေဖို့နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေသန်းပေါင်း(၃၀) ကို ၂၀၂၀ခုနှစ် မတိုင်မီ မှန်ကန်တဲ့ ခံတွင်း သန့်ရှင်းရေးစံနှုန်းများ သိရှိနားလည်ဖို့ ရည်ရွယ်ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။သွားနှင့်ခံတွင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်းမှ သွားနှင့် ခံတွင်းနဲ့ပတ်သက်တဲ့သင်ခန်းစာများ၊ မှန်ကန်တဲ့ သွားတိုက်နည်းတွေကို ဆွေးနွေးဟောပြောခဲ့ပါတယ်။ ဒီပွဲကို တာမွေမြို့နယ်နှင့် သင်္ကန်းကျွန်းမြို့နယ်မှ အခြေခံပညာကျောင်း(16) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၂၅၀၀)တို့ က သင်ကြားပေးသူတွေနဲ့အတူ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 

 

 

Related News