ငါးစားသုံးမှုမရှိသူနှင့် ငါးအသားကို မနှစ်သက်သူတွေအနေနဲ့ ငါးကြီးဆီဆေးဖြည့်စွက်သောက်သုံးပေးဖို့လိုအပ်တယ်လို့ သြဂုတ်လ(၁၉)ရက်က ဂရန်းဟန်သာဆေးရုံမှာပြုလုပ်ခဲ့တဲ့  ငါးကြီးဆီအကြောင်းသိကောင်းစရာဆွေးနွေးပွဲက သိရပါတယ်။ ဗီတာမင် Omega-3 fatty acids အုပ်စုဖြစ်တဲ့ ငါးကြီးဆီကို ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အားဆေးအဖြစ် သောက်သုံးနိုင်တယ်လို့သိရပါတယ်။  ငါးစားသုံးဖို့မနှစ်သက်သူတွေနဲ့ ငါးကြီးဆီသောက်သုံးမှုမရှိသူတွေအတွက်ကိုတော့ သစ်ကြားသီး၊ ဟင်းနုနွယ်အရွက်တို့ကို စားသုံးပေးနိုင်ပြီး ဒါတွေကတော့ ငါးစားသုံးတာနဲ့ ငါးကြီးဆီသောက်တာတွေက ရရှိနိုင်တဲ့ အဆီဓာတ်လောက်တော့ ထိရောက်မှုသိပ်မရှိဘူးလို့ဆိုပါတယ်။

ငါးကိုပုံမှန်စားသုံးသူတွေအတွက်တော့  ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဓာတ်တွေကို ငါးစားသုံးခြင်းကရနိုင်တာကြောင့် တစ်ပတ်ကို အနည်းဆုံး (၂)ကြိမ်မှ (၄)ကြိမ်ထိ ငါးကို စားသုံးပေးဖို့လိုအပ်တယ်လို့သိရပါတယ်။ငါးကြီးဆီကို  ဆီးချို၊ ပန်းနာရင်ကျပ်၊ ဖွံ့ဖြိုးမှုဆိုင်ရာရောဂါများ၊ စာဖတ်ရခက်တဲ့ရောဂါ၊ အ၀လွန်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အရိုးပွခြင်း၊ နာကျင်ရောင်ရမ်းမှုတွေဖြစ်ပေါ်စေတဲ့ အရေပြားရောဂါနဲ့ ကင်ဆာဆေးကြောင့် ဖြစ်တဲ့ ကိုယ်အလေးချိန်ကျဆင်း တာတွေကို ကာကွယ်ရာမှာလည်း သောက်သုံးနိုင်ပါတယ်။ ဒါ့အပြင်  အသက်ကြီးသူတွေမှာအဖြစ်များတဲ့ မျက်လုံးခြောက်ခြင်း၊ ရေတိမ် စတဲ့ ရောဂါတွေမှာလည်း ငါးကြီးဆီကို သောက်သုံးပေးနိုင်တယ်လို့သိရပါတယ်။ 

ငါးကြီးဆီဟာ သောက်သုံးနေတဲ့ ဆေးတွေ (သို့မဟုတ်) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်တာကြောင့် အချိုလူတွေ အတွက်  မသောက်သုံးခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသောက်သုံးသင့်တယ်လို့သိရပါတယ်။ ငါးကြီးဆီက ဆေးတောင့်၊ အရည်ပုံစံနှစ်မျိုးနဲ့ ထွက်ရှိပြီး ပမာဏာကတော့ တစ်နေ့ကို (၃)ဂရမ်ကနေ (၉)ဂရမ်အထိသောက်သုံးနိုင်တယ်လို့သိရပါတယ်။ ငါးကြီးဆီမှာ ပါဝင်တဲ့ပမာဏအရကွာခြားမှုတွေရှိတာကြောင့် ထုတ်ပိုးမှုပေါ်မှာပါတဲ့ ဆေးအညွှန်းအတိုင်းသောက်သုံးပေးဖို့လိုအပ်တယ်လို့လည်း  သိရပါတယ်။

 

 

 

Related News