Colgate Palmolive ကဦးစီးပြီး သွားနှင့်ခံတွင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ(၁၄)ရက်က မှော်ဘီမြို့နယ် တပ်ကြီးကုန်း အခြေခံပညာအထက်တန်းကျောင်း မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။အခုလို အခြေခံပညာအထက် တန်းကျောင်း(တပ်ကြီးကုန်း)မှာ သွားနှင့်ခံတွင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်တာက ကျောင်းသားကျောင်းသူတွေအတွက် ကျန်းမာသန်စွမ်းတဲ့ သွားများပိုင်ဆိုင်နိုင်ခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာအသိပညာတွေသိရှိပြီး သွားနှင့်ခံတွင်းဟာကျန်းမာရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်တယ်ဆိုတာ သိရှိစေလိုခြင်းနဲ့အနာဂတ်မှာကလေးငယ်တွေဟာ တောက်ပတဲ့ အပြုံးတပွင့်ကိုပိုင်ဆိုင်ရရှိနိုင်အောင် ရည်ရွယ်ပြီး အခုလိုဆွေးနွေးပွဲကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ သွားနှင့်ခံတွင်းဆိုင်ရာကျန်းမာရေးဆွေးနွေးပွဲအပြင် ပြုံးပန်းဝေဆာရွေမြန်မာ ရဲ့လူမှုလှုပ်ရှားအစီစဉ်တစ်ရပ်အဖြစ် သွားနှင့်ခံတွင်းဆိုင်ရာပစ္စည်းအစုံ (၂၃၀၀)ကိုလှူဒါန်းခဲ့တာလည်း ဖြစ်တယ်လို့သိရပါတယ်။သွားနှင့်ခံတွင်းကျန်းမာရေးဆွေးနွေးပွဲကို ၂၀၁၆ခုနှစ်ကစတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အခုပြုလုပ်တဲ့ ဆွေးနွေးပွဲကိုတော့ သရုပ်ဆောင်ခိုင်နှင်းဝေ၊စာရေးဆရာမ မေသင်္ကြန်ဟိန်(မြစ်မခ) ၊ သွားနှင့်ခံတွင်းဆိုင်ရာ ဒေါက်တာဇော်ဖြိုးဝေတို့က ပါဝင်ဆွေးနွေးခဲ့တာဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်း တပ်ကြီးကုန်းမှ ဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူ(၂၀၀)ကျော်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

 

 

Related News