မြန်မာ့တိုင်းရင်းဆေးပညာပြန်လည်ပေါ်ပေါက်လာစေဖို့ကျန်းမာရေးမူဝါဒနဲ့ အညီပြည်သူတွေ ကျန်းမာရေးအဆင့်မြင့် မားစေဖို့ ရည်ရွယ်ပြီး တိုင်းရင်းဆေးပညာရှင်များမွေးထုတ်ပေးနေတယ်လို့ သိရပါတယ်။ မြန်မာ့တိုင်းရင်းဆေးပညာဟာ နေ့စဉ်လူနေမှုဘ၀မှာ သုံးစွဲနေတာကြောင့် မြန်မာ့တိုင်းရင်ဆေးပညာအဆင့်အတန်း မြင့်မားလာစေဖို့၊ အရည်အချင်းပြည့်ဝတဲ့ တိုင်းရင်းဆေးသမားတော်များပေါ်ပေါက်လာစေဖို့အပြင် ပြည်တွင်းမှာမြန်မာ့တိုင်းရင်းဆေးများ ပြန်လည်ပေါ်ထွန်းလာဖို့နဲ့ တိုင်းရင်းဆေးစွမ်းကောင်းများပေါ်ထွန်းလာစေဖို့  အခုဆို တိုင်းရင်းဆေး ပညာရှင်များကို မွေးထုတ်ပေးနေပြီဖြစ်တယ်လို့ မြန်မာ့တိုင်းရင်ဆေးသမားတော်ကြီး ဦးပေါညိမ်းက ပြောပါတယ်။မြန်မာ့တိုင်းရင်ဆေးပညာဟာ ပျောက်ကွယ်လုနီးပါးရှိနေပြီဖြစ်တာကြောင့်  တိုင်းရင်းဆေးပညာကို လက်ဆင့်ကမ်း အမွေပေးနိုင်ရန် မြန်မာ့တိုင်းရင်းဆေးပညာအသင်း(ဗဟို)ကလည်း ၀ိုင်းဝန်းကူညီသွားဖို့ လိုအပ်တယ်လို့ သိရပါတယ်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့  မြန်မာ့တိုင်းရင်းဆေးပညာပြန်လည်ပေါ်ထွန်းလာစေဖို့အတွက် တိုင်းရင်ဆေးပညာဦးစီးဌာနက မြန်မာ့တိုင်းရင်းဆေးပညာအရည်အသွေးမြင့်သင်တန်းများ၊ အကြောပြင်သင်တန်းများ အစရှိတဲ့ သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေပြီး မြန်မာ့တိုင်းရင်းဆေးကျမ်းများ တိမ်မြုပ်ပျောက်ကွယ်မသွားစေရေးအတွက် မြန်မာ့တိုင်းရင်းဆေးကျမ်းများဆိုင်ရာ စာပေပြိုင်ပွဲတွေကိုလည်း ကျင်းပပေးလျက်ရှိတယ်လို့ သိရပါတယ်။

 

 

Related News