သင်္ကြန်တွင်းမှာ နေပူဒဏ်ကြောင့် အသားအရေပျက်စီးသွားသူတွေအနေနဲ့ အသားအရေပြန်လည်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။သင်္ကြန်ကာလမှာ နေပူဒဏ်၊ ရေမသန့်မှုတွေကြောင့် သင်္ကြန်မှာ ရေဆော့ကစားကြသူတွေ အနေနဲ့ အသားရေပျက်စီးမှုတွေ ဖြစ်တဲ့ နေလောင်ခြင်း၊ ဝက်ခြံများပိုမိုထွက်လာခြင်းနဲ့ ရေမသန့်မှုတွေကြောင့် မျက်နှာပြင်မှာ အဆီဖုထွက်လာတဲ့ ရောဂါတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ ကိုအောင်အောင်ထွန်း ကလည်း သင်္ကြန်မှာ ရေဆော့ကစားခဲ့တဲ့သူ ဖြစ်ပြီး နေပူဒဏ်နဲ့ ရေမသန့်မှုတွေကြောင့် အသားအရေ ပျက်စီးခဲ့တယ်လို့ ကိုအောင်အောင်ထွန်း ပြောပါတယ်။သင်္ကြန်မှာ လည်ပတ်လာပြီး နေပူဒဏ်ကြောင့် အသားအရေပျက်စီးမှုတွေ ဖြစ်လာခဲ့ရင်လည်း အိမ်မှာနေရင်းကုသနိုင်သလို ပိုမိုဆိုးရွားတဲ့ အရေပြားရောဂါ ဖြစ်တာဆိုရင်တော့ ကျွမ်းကျင်ဆရာဝန်တွေနဲ့ပြသသင့်တယ်လို့ အရေပြားနဲ့ အလှအပရေးရာဆရာဝန် ဒေါက်တာကိုနိုင် က အကြံပေးထားပါတယ်။

ခရမ်းလွန် ရောင်ခြည်က ရေတို့ ရေခဲတို့လို အလင်းပြန်တဲ့ ပစ္စည်းရှိရင် ခရမ်းလွန်ရောင်ခြည်သင့်တာ ပိုများတာကြောင့် သင်္ကြန်ကာလမှာ လည်ပတ်သူဟာ အသားအရေ ပိုမိုပျက်စီးစေတာ လည်း ဖြစ်ပါတယ်။ ကုသရာမှာလည်း တစ်ရက်တာကုသမှုထက် ရေရှည်ကုသကာ ပျောက်ကင်းတဲ့အထိ ကုသနိုင်ရင်ပိုမိုထိရောက်တယ်လို့ အရေပြားနဲ့ အလှအပရေးရာဆရာဝန် ဒေါက်တာနိုင်က ပြောပါတယ်။ကုသမှုခံယူထားသူတွေအနေနဲ့ကလည်း နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်သင့် သလို ရေဓာတ်ပါလိုအပ်တာကြောင့် တစ်နေ့ကို ရေများများသောက်ပေးမှသာ အသားအရေက ပြန်လည်ကျန်းမာလာမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် နေပူချိန်ကလည်း ပြင်းထန်နေသေးတဲ့ အတွက် မဖြစ်မနေအပြင်ထွက်ဖို့ရှိလာရင်တော့ နေပူဒဏ်ကာကွယ်နိုင်တဲ့ ပစ္စည်းတွေ ဆောင်ထားသင့်တယ်လို့ သိရပါတယ်။

 

 

Related News