နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ တစ်နိုင်တပိုင်ရောင်းချနေတဲ့ ဈေးသည် (၁၄၂၅) ဦးကို တစ်ဦး ကျပ်(တစ်သိန်း) နှုန်းနဲ့ စိုးလျှပ်စစ်ဖောင်ဒေးရှင်းက လှူဒါန်းလိုက်ပြန်ပါတယ်။ပျဉ်းမနားရှိ အေးငြိမ်းချမ်းသာဂီလာနဖောင်ဒေးရှင်းမှာ ဇွန်လ ၅ ရက် နေ့လည်ပိုင်းက ဈေးသည်တွေကို ဖိတ်ကြားပြီး လှူဒါန်းလိုက်တာပါ။အမှန်တကယ်လုပ်ကိုင်နေတဲ့ ဈေးသည်တွေကို သေချာစိစစ်ရွေးချယ်ပြီး လှူဒါန်းလိုက်တာလို့ စိုးဖောင်ဒေးရှင်းကပြောပါတယ်။ ဒါဟာ အခြေခံ လူတန်းစားတွေကို ကူညီလိုတဲ့ ရည်ရွယ်ချက်နဲ့ အလှူလုပ်တာလို့လည်း တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

လှူဒါန်းပွဲကို ငွေကြေးလာရောက်လက်ခံယူကြတဲ့ ဈေးသည်အများစုဟာ တနိုင်တပိုင်ကုန် စိမ်းရောင်းပြီး အသက်မွေးနေကြသူတွေဖြစ်ပါတယ်။ ဒီလို အလှူဟာ ဈေးသည်တွေအပေါ် တိုက်ရိုက်ထောက်ပံ့ ကူညီရာရောက်တဲ့အတွက်  ဈေးသည်တွေရဲ့ အခက်အခဲတွေ တစ်ဖက်တစ် လမ်းက အဆင်ပြေစေတယ်လို့လည်း ငွေကြေးလက်ခံရရှိတဲ့ ဈေးသည်တွေက ပြောပါတယ်။ စိုးလျှပ်စစ်ဖောင်ဒေးရှင်းဟာ ပျဉ်းမနားမြို့နယ်အတွင်းမှာ မကြာခဏဆိုသလို ငွေကြေး ထောက်ပံ့ အလှူတွေ ပြုလုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ လအတွင်းကလည်း ဆိုက်ကားဆရာ ၆၀၀ ကျော်ကို တစ်ဦး ကျပ် (တစ်သိန်း)စီလှူဒါန်းခဲ့ပါသေးတယ်။ 

 

 

Related News