မြန်မာရုပ်ရှင်အစည်းအရုံးဝင်းအတွင်းတည်ဆောက်ထားတဲ့ ရုပ်ရှင်သမိုင်းပြတိုက်ကို အပြင်ပိုင်းကြံ့ခိုင်မှုပြင်ဆင်တာဟာ ရာနှုန်းပြည့်ပြီးစီးနေပြီး ပြတိုက်အခန်းဖွဲ့နိုင်ဖို့နဲ့ ပစ္စည်းများနေရာ ချထားနိုင်ဖို့ကို ဆက်လက်လုပ်ဆောင် သွားမယ်လို့သိရပါတယ်။မြန်မာနိုင်ငံရုပ်ရှင်သမိုင်းပြတိုက်ကို (၁၉၉၈)ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စတင်ဖွင့်လှစ် ချိန်ကနေ အခု အချိန်အထိ အကြီးစားပြင်ဆင်မှုမရှိသေးဘူးလို့ သိရပါတယ်။ အခုပထမဆုံး အကြိမ်အကြီးစားပြင်ဆင်မှုမှာတော့ အပြင်ပိုင်းကြံ့ခိုင်မှုကို အရင်ဆုံးပြင်ဆင် နေတာဖြစ်ပြီး လာမယ့် အပတ်အတွင်း ပြတိုက်အခန်းဖွဲ့နိုင်ဖို့နဲ့ ပစ်္စည်းများနေရာချထားနိုင်ဖို့ကို ဆက်လက် လုပ်ဆောင်နိုင်ဖို့ ရုပ်ရှင်သမိုင်းပြတိုက် ကော်မတီနဲ့အစည်းအဝေး တွေပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
 
ကော်မတီအစည်းအဝေးအပြီး ပြတိုက်ပညာရှင်တွေရဲ့ အကြံပေးမှု တွေနဲ့အတူ ပြတိုက်ပစ္စည်းများကို စနစ်တကျထားရှိကာ အဆင့်မြှင့်တင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ပြတိုက်ပြန်လည်ပြုပြင်မှုအတွက် ကုန်ကျစရိတ်ကိုတော့ ခေတ်အဆက်ဆက် ရုပ်ရှင် အစည်းအရုံး ဥက္ကဌတွေ လက်ထက်က ပြတိုက်ပြုပြင်ဖို့ ရံပုံငွေရှာခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ အပြင်ပိုင်းကြံ့ခိုင်မှုပြင်ဆင်မှုအတွက် သိန်း (၆၀၀)ခန့် အထိ အကုန်ကျခံပြင်ဆင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။မြန်မာနိုင်ငံရုပ်ရှင်သမိုင်းပြတိုက်မှာ ပြသမယ့် ပစ်္စည်းတွေကို  (၁၉၉၅)ခုနှစ်ရုပ်ရှင်စိန်ရတု ပွဲကျင်းပစဉ် တနိုင်ငံလုံးက ရုပ်ရှင်ပညာရှင်တွေနဲ့ ရုပ်ရှင်ချစ်သူတွေကလှူဒါန်းခဲ့ကာ ရုပ်ရှင်ပြတိုက်ကို (၁၉၉၈)ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
 
 
 

Related News