ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ပြည်သူ့အိမ်ရာရောင်းချမှုမှာ မဲနှိုက်ရောင်းချပြီးနောက် တစ်လခန့်အကြာမှာ နေထိုင်ခွင့်ရရှိနိုင်အောင်လုပ်ဆောင်သွားမယ်လို့ အိမ်ရာများရောင်းချရေးကော်မတီဝင် ဦးညီညီက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တန်ဖိုးနည်းအိမ်ရာအရစ်ကျရောင်းချမှုကို ၀ယ်ယူဖို့ လျှောက်ထားသူတွေများလို့ လျှောက်လွှာတွေစိစစ်ပြီး မဲနှိုက်ရွေးချယ်ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ ဒီရောင်းချမှုမှာ အိမ်ရာတိုက်ခန်းပေါင်း(၁၀၀၀)ကျော်ရောင်းချမှာဖြစ်ပြီး လျှောက်ထားသူ(၆၀၀၀)ကျော် ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် မဲနှိုက်ရွေးချယ်ရောင်းချသွားမှာဖြစ်ပြီး မဲနှိုက်ဖို့ကို ဇွန်လ(၂၅)ရက်နေ့ အိုးအိမ်ဦးစီးဌာနမှာ ပြုလုပ်ပေးသွားမယ်လို့ အိမ်ရာရောင်ချရေးကော်မတီဝင် တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးညီညီကပြောပါတယ်။ ခုရောင်းချပေးတဲ့အိမ်ခန်းတွေဟာ ဆောက်လုပ်ပြီးစီးနေပြီး  နေထိုင်ခွင့်ပြုဖို့နဲ့ပတ်သက်တဲ့အစည်းအဝေးတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အိမ်ရာတိုက်ခန်းတွေကို မဲနှိုက်ရောင်းချပြီးနောက်  တစ်လခန့်အကြာမှာ နေထိုင်ခွင့်ပြုနိုင်လိမ့်မယ်လို့ ဦးညီညီက ပြောပါတယ်။


ဒီအိမ်ရာတွေကို အကျိုးစီးပွားအတွက်ဝယ်ယူတာ၊ အိမ်ပိုင်ရှိလျှက်နဲ့ဝယ်ယူတာ စတာတွေအပါအ၀င် စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှုရှိမရှိကို စိစစ်လို့ ကိုက်ညီမှုမရှိရင်ပြန်လည်သိမ်းယူပြီး အမည်ပျက်စာရင်းသွင်းသွားမယ်လို့လည်း ဆိုပါတယ်။ အခုတစ်ကြိမ်ရောင်းချမည့်အိမ်ရာတွေကို ပြည်သူ့အိမ်ရာရောင်းချရေးကော်မတီဖွဲ့စည်းပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ဥက္ကဌအဖြစ်တာဝန်ယူကာရောင်းချပေးနေတာပါ။

ဒီအတွက် မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ထောက်ခံမှုတွေနဲ့အတူ အိမ်ရာဝယ်ယူခွင့် လျှောက်လွှာ(၁၇၀၀၀)၀န်းကျင်ထုတ်ပေးခဲ့ရပြီး  လျှောက်ထားမှုတွေကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁၅)ရက်ကနေ မတ်လ(၁၅)ရက်ထိ တစ်လတာလက်ခံဖို့ သတ်မှတ်ထားခဲ့ပေမယ့် လျှောက်ထားမှုတွေများလို့ မတ်လ(၃၀)ရက်ထိ အချိန်ထပ်တိုးပေးခဲ့ရတာပါ။ အခုတစ်ကြိမ် မဲမပေါက်သူ ၀ယ်ယူခွင့်လျှောက်လွှာလက်ကျန်တွေကို နောက်အကြိမ်တွေရောင်းချမှုမှာ နောက်ထပ် လျှောက်လွှာထပ်တင်စရာမလို့တော့ဘဲ တန်းစီစနစ်နဲ့ ဦးစားပေးရောင်းချပေးသွားမှာဖြစ်တယ်လို့ လည်းသိရပါတယ်။

ဒီအိမ်ခန်းတစ်ခန်းရဲ့တန်းဖိုးဟာ ကျပ်သိန်း(၁၀၀)ခန့်ဖြစ်ပြီး ၂၀ရာခိုင်နှုန်း လက်ငင်းငွေချေ၊ လက်ကျန်ကို(၁၅)နှစ် အရစ်ကျပေးသွင်းရမှာဖြစ်ပါတယ်။ ခုရောင်းချမည့် အိမ်ခန်းတွေကတော့ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ လှိုင်သာယာစတဲ့ မြို့နယ်တွေမှာတည်ဆောက်ထားတဲ့ အအောက်အဦးတွေက  ဖြစ်ပါတယ်။

 

 

Related News